လျှပ်စစ်ဓာတ်အားပို့လွှတ်နိုင်သည့်ဖိုင်ဘာနည်းပညာကို တရုတ်သိပ္ပံပညာရှင်များ ပြသ
--------------------------

​တရုတ်နိုင်ငံ၊ စူးကျိုးရှိသုတေသနစင်တာတစ်ခုမှာ တရုတ်သိပ္ပံပညာရှင်တွေက စွမ်းအင်ဆုံးရှုံးမှု သုညနီးပါးနဲ့ လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်တဲ့ အလွန်ပေါ့ပါးတဲ့ ဂရပ်ဖင်း
(graphene) ဖိုင်ဘာကို တီထွင်ဖန်တီးနိုင်ခဲ့​ကြောင်း Techworm သတင်းမှာဖော်ပြထားပါတယ်။
ဒီဖိုင်ဘာအသစ်က လျှပ်စီးကြောင်းစီးဆင်းတဲ့အခါ အပူထွက်တတ်တဲ့ ရိုးရာကြေးနီကြိုးတွေနဲ့မတူဘဲ နာနိုမီတာ တိကျမှုနဲ့ ချိန်ညှိထားတဲ့အက်တမ်တစ်ထပ်သာရှိတဲ့ကာဗွန်အလွှာကွန်ရက်
ဖွဲ့စည်းပုံကြောင့် လျှပ်စစ်တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်တယ်လို့ဆိုပါတယ်။
​ဒီအောင်မြင်မှုဟာ Suzhou Institute of Nano-Tech and Nano-Bionics က ထွက်ပေါ်လာတာဖြစ်ပြီး သုတေသီတွေဟာဖိုင်ဘာရဲ့ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာခိုင်ခံ့မှုကို မဆုံးရှုံးစေဘဲ ဓာတ်ခွဲခန်းသုံး အရှည်ကနေ စက်မှုလုပ်ငန်းသုံး ခွေလိုက်အရှည်တွေ အထိ ဘယ်လိုထုတ်လုပ်ရမယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။
​အင်ဂျင်နီယာတွေက ဒီဖိုင်ဘာဟာ 5G တာဝါတိုင်တွေကနေ ဂြိုလ်တုတွေအထိ အရာရာကို ပြောင်းလဲပေးနိုင်တယ်လို့လည်း​ပြောပါတယ်။
သံချေးတက်တာ၊ အပူချိန်လွန်ကဲတာနဲ့ ဓာတ်ရောင်ခြည်ဒဏ်တို့ကို ခံနိုင်ရည်ရှိတာကြောင့်
တရုတ်နိုင်ငံကနေ လနဲ့ အင်္ဂါဂြိုလ်မစ်ရှင်ချိတ်ဆက်ကာ အရှိန်အဟုန်မြှင့် ချဲ့ထွင်နေတဲ့ နက်ရှိုင်းတဲ့ အာကာသဆက်သွယ်ရေးစနစ်တွေအတွက်အလွန်သင့်လျော်တယ်လို့လည်း​ ပြောပါတယ်။

image