(၄၈)ကြိမ်မြောက် နိကာယ်ငါးရပ်စာလျှောက်မေးပွဲပြုလုပ်
--------------------------
နိကာယ်သာသနာတော်ထွန်းကားရေးအသင်းကကြီးမှူးပြီး(၄၈)ကြိမ်မြောက် နိကာယ်ငါးရပ်စာလျှောက်မေးပွဲကိုနိုဝင်ဘာလ(၁၄)ရက်နေ့ကရန်ကင်းမြို့နယ်ရှိပဉ္စနိကာယသာသနာ့ဗိမာန်ကျောင်းတိုက်မှာပြုလုပ်ခဲ့တယ်လို့နိကာယ်သာသနာတော်ထွန်းကားရေးအသင်းကသိရပါတယ်။
နိုင်ငံတော်အစိုးရက နှစ်စဉ်ကြီးမှူး ကျင်းပလျက်ရှိတဲ့ တိပိဋကဓရ စာမေးပွဲကြီးကို ပေါင်းကူးတံတားသဖွယ် တိုက်ရိုက်အထောက်အကူပြုနိုင်ဖို့နဲ့ နိကာယ်ငါးရပ် ပိဋကတ်သုံးပုံဆောင် သုတဗုဒ္ဓ သာသနာ့အာဇာနည် အရှင်မြတ်တွေပေါ်ထွက်လာဖို့ရည်ရွယ်ပြီးပြုလုပ်တာလို့ဆိုပါတယ်။
အခုနှစ် နိကာယ်ငါးရပ်စာလျှောက်မေးပွဲမှာသံဃာတော်(၃၁၆)ပါးဝင်ရောက်ဖြေဆိုမှာဖြစ်ပြီးနိုဝင်ဘာလ(၁၄)ရက်က နေ(၁၉)ရက်အထိ(၆)ရက်တိုင်တိုင်ကျင်းပမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က နိကာယ်ငါးရပ်စာလျှောက်မေးပွဲမှာထူးချွန်သံဃာတော်(၂၅)ပါးပေါ်ထွက်ခဲ့တယ်လို့သိရပါတယ်။