ဂျပန်ခရီးစဉ်လက်မှတ်ခများ‌ပြန်အမ်းမည်--တရုတ်လေကြောင်းလိုင်းများ

ဂျပန်နိုင်ငံသို့ ခရီးမသွားရန် ပေကျင်းက ၎င်း၏ နိုင်ငံသားများကို သတိပေးပြီးနောက် ဂျပန်သွားမည့်ခရီးစဉ်များအတွက် အပြည့်အဝငွေပြန်အမ်းသွားမည်ဟု တရုတ်နိုင်ငံ၏ အကြီးဆုံး လေကြောင်းလိုင်းများက စနေနေ့တွင် ပြောကြားလိုက်ကြပြီး ဂျပန်ဝန်ကြီးချုပ်၏ ထိုင်ဝမ်အရေးဆိုင်ရာ မှတ်ချက်များကြောင့် ဖြစ်ပေါ်‌နေသော သံတမန်ရေးအငြင်းပွားမှုကို ပို၍ အရှိန်မြင့်စေခဲ့သည်။
အဲရ်ချိုင်းနား၊ ချိုင်းနားဆော့ခ်သမ်းနှင့် ချိုင်းနား အိစ်တန်လေကြောင်းလိုင်းများက စနေနေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ လေယာဉ်လက်မှတ် ဝယ်ယူထားသူများကို ငွေလိုခြင်က ငွေပြန်အမ်းမည် သို့မဟုတ် ဂျပန်ခရီးစဉ်များကို အခမဲ့ ပြောင်းလဲခွင့်ပြုမည့် မူဝါဒအစီအစဉ်များနှင့် ပတ်သက်၍ သီးခြားစီ ထုတ်ပြန်ကြေညာခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ထိုင်ဝမ်နှင့် ပတ်သက်၍ ဆက်လက်ဖြစ်ပွားနေသော အငြင်းပွားမှုတွင် ပေကျင်းက တရုတ်နိုင်ငံသားများကို ဂျပန်သို့ မသွားရန် သတိပေးပြီးနောက် ထိုကိစ္စအတွက် သင့်လျော်သော အစီအမံများဆောင်ရွက်ရန် စနေနေ့တွင် ဂျပန်က တရုတ်ကို တိုက်တွန်းခဲ့ကြောင်း ကျိုဒိုသတင်းဌာနက သတင်းဖော်ပြခဲ့သည်။
ဂျပန်သည် တရုတ်အစိုးရထံ သတင်းစကားပေးပို့ခဲ့ပြီး ယင်းကိစ္စအတွက် သင့်လျော်သော အရေးယူမှုများ ဆောင်ရွက်ရန် ပြင်းပြင်းထန်ထန်တောင်းဆိုခဲ့ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် မီနိုရူ ကီဟာရာက ပြောဆိုသည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။
ထိုင်ဝမ် တို-က်ခိုက်နိုင်‌ခြေနှင့်ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် ဆနအဲ တာကာအိချိ၏ တုန့်ပြန်သဘောထားမှတ်ချက်များကြောင့် သံတမန်ရေးအငြင်းပွားမှုများဖြစ်ပေါ်လာခဲ့ပြီးနောက် တရုတ်နိုင်ငံသားများကို ဂျပန်သို့ ခရီးမသွားရန် အစောပိုင်းတွင် တရုတ်က သတိပေးခဲ့သည်။

image