2 ရက် - ဘာသာပြန်ပါ။

ကန့်ဘလူမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်မဲပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့တော်ခန်းမတွင် နိုဝင်ဘာလ (၁၆) ရက် ၊ နံနက် (၈) နာရီခွဲက မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပခဲ့သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ကန့်ဘလူမြို့နယ်ရှိ မဲဆန္ဒရှင်များ မဲပေးရာတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များကို လွယ်ကူစွာအသုံးပြုမဲပေးနိုင်ရေးအတွက် ကျင်းပခြင်းဖြစ်သည်။
ကန့်ဘလူခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဉာဏ်တင့်၊ ကန့်ဘလူမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်မောင်ချိုတို့က အမှာစကားပြောကြားပြီး ကန့်ဘလူခရိုင် ရွေးကောက်ပွဲ အရာရှိ ဦးရဲမင်းသော်က မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အချက်အလက်များ၊ အသုံးပြုခြင်း ရည်ရွယ်ချက်၊ မဲပေးပုံ၊ မဲရလဒ်ရေတွက်ပုံ စသည့် မဲပေးစက်ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသူ မြို့ပေါ်ရပ်ကွက်(၅) ခုမှ မဲ ဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ လွှတ်တော်သုံးရပ်အတွက် လက်တွေ့သရုပ်ပြမဲပေးခဲ့ကြသည်။
အခမ်းအနားသို့ ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အထောက်အကူပြုအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲ အရာရှိများ နှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် (၅) ရပ်ကွက်မှ မဲဆန္ဒရှင် (၂၈၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

image