ရိုးမရိပ်သာအိမ်ရာ နေထိုင်ခွင့်ရသူများကို အခန်းသော့ထုတ်ပေးမည်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ရောင်းချသည့် ဒဂုံမြိုသစ် (ဆိပ်ကမ်း) မြို့နယ်၊ ရိုးမရိပ်သာအိမ်ရာ ၊ အခန်းနေထိုင်ခွင့်အကြောင်းကြားစာထုတ်ယူပြီးသူများအား အခန်းသော့ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ သိရသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ရိုးမရိပ်သာအိမ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရောင်းချသည့် အခန်းများအား တန်ဖိုးငွေအကြေပေးသွင်းပြီးသူများကို အခန်းနေထိုင်ခွင့် အကြောင်းကြားစာများကို နိုဝင်ဘာ ၁၇၊ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ထုတ်ပေးမည်ဖြစ်သည်။
ထို့နောက် ရိုးမရိပ်သာအိမ်ရာ အခန်းနေထိုင်ခွင့်အကြောင်းကြားစာထုတ်ပြီးသူများကို အခန်းသော့ထုတ်ပေးခြင်းနှင့်အခန်းအပ်နှံခြင်းကိုလည်း နိုဝင်ဘာ ၂၀၊ ၂၁ ရက်နှင့် ၂၂ ရက်တွင် ဆောင်ရွက်မည်ဖြစ်သည်။
နိုဝင်ဘာ ၂၀ ရက်တွင် ၆ ခန်းတွဲ ၄ ထပ် တိုက်အမှတ် ၅၆/ ၅၇/ ၅၈/ ၅၉/ ၆၀/ ၆၁/ ၆၂/ ၆၄/၆၅/၆၆/၆၇ ထုတ်ပေးမည်ဖြစ်သည်။
ထို့ပြင် နိုဝင်ဘာ ၂၁ ရက်တွင် ၁၂ ခန်းတွဲ ၄ ထပ် တိုက်အမှတ် ၃၈/၃၉/၄၀/၄၁/၄၄/၄၅ တွင်နေထိုင်ခွင့်ရသူများကို သော့ထုတ်ပေးမည်ဖြစ်သည်။
အလားတူ နိုဝင်ဘာ ၂၂ ရက်နေ့တွင် ၈ခန်းတွဲ ၄ ထပ် ၁၂ ခန်းတွဲ ၄ ထပ် တိုက်အမှတ် ၁၉/၂၀/၂၂/၂၄/၄၆/၄၇/၄၉/၅၀ ၌နေထိုင်ခွင့်ရသူများကို သော့ထုတ်ပေးမည်ဖြစ်သည်။
အဆိုပါ အခန်းတွဲများ၌ နေထိုင်ခွင့်ရသူများသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ရိုးမရိပ်သာအိမ်ရာ ၁၀:၀၀ မှ ၁၅:၀၀ နာရီ အတွင်း နေထိုင်ခွင့်အကြောင်းကြားစာမူရင်း၊မိတ္တူ၊ မှတ်ပုံတင်မူရင်း၊ ကိုယ်စားလှယ်ဖြစ်ပါက
ကိုယ်စားလှယ်လွှဲစာမူရင်း၊ ဝယ်ယူခွင့်ရသူ၏မှတ်ပုံတင်မိတ္တူ၊ ကိုယ်စားလှယ်၏ မှတ်ပုံတင်မူရင်း ၊ မိတ္တူ တို့ကိုယူဆောင်၍ သော့လာရောက်ထုတ်ယူနိုင်ကြောင်း အသိပေးထားသည်။

image