ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန် ထရန့်က ထိုင်းနှင့် ကမ္ဘောဒီးယားကို တိုက်တွန်း
အရှေ့တောင်အာရှ အိမ်နီးချင်းများဖြစ်သည့် ထိုင်းနှင့် ကမ္ဘောဒီးယားကြား နယ်စပ်တွင် ပဋိပက္ခများ ထပ်မံဖြစ်ပွားခဲ့ပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြှင့်တင်ရန် ထိုင်းနှင့်ကမ္ဘောဒီးယားကို တိုက်တွန်းခဲ့ ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
ထရန့်သည် အာရှခရီးစဉ်အတွင်း အောက်တိုဘာ ၂၆ ရက်က ထိုင်းနှင့် ကမ္ဘောဒီးယားကြား ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုမှု အခမ်းအနားကို တက်ရောက်ခဲ့သည်။
ထရန့်က အဆိုပါ ငြိမ်းချမ်းရေးစာချုပ်သည် ကမ္ဘာတစ်ဝန်းတွင် ၎င်း၏ အားထုတ် ကြိုးပမ်းမှုများကြောင့် ရရှိခဲ့သည့် ငြိမ်းချမ်းရေးသဘောတူညီမှုများထဲတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိသင့်ကြောင်း ယူဆခဲ့သည်။
သို့သော် ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာ ၁၀ ရက်တွင် ထိုင်းအာဏာပိုင်များက ကမ္ဘောဒီးယားနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဆိုင်းငံ့ခဲ့သည်။