ဗီယက်နမ်အလယ်ပိုင်း ဘတ်စ်ကားတိမ်းမှောက်မှု ၆ ဦးသေဆုံး
----------------------

ဗီယက်နမ်အလယ်ပိုင်းမှာ နိုဝင်ဘာလ ၁၆ ရက်နေ့က ဘတ်စ်ကားတစ်စီးတိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၆ ယောက်သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေကဖော်ပြခဲ့တာကို ကိုးကားပြီး Reuters သတင်းမှာဖော်ပြ ထားပါတယ်။
လူ ၃၂ ယောက်တင်ဆောင်လာတဲ့ အဆိုပါ ဘတ်စ်ကားဟာ ဒါလတ်မြို့ကနေ နာထရန့်မြို့ကို အသွား ယာဉ်တိမ်း မှောက်မှုဖြစ်ပွားခဲ့တာလို့ VnExpress သတင်းမှာဖော်ပြထားပါတယ်။ အဲဒီ ဘတ်စ်ကားတစ်စီး တိမ်းမှောက်စဉ် အတွင်း မိုးသည်းထန်စွာရွာသွန်းပြီးမြေပြိုမှုတွေလည်းဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
VnExpress ထုတ်ပြန်ချကတော့ ဗီယက်နမ်အလယ်ပိုင်းမှာ နိုဝင်ဘာလ ၁၆ ရက်နေ့က ဘတ်စ်ကားတစ်စီး တိမ်း မှောက်မှုကြောင့် လူ ၆ ယောက် သေဆုံးခဲ့တဲ့အပြင် ၉ ယောက်လည်း ပျောက်ဆုံးနေတယ်လို့သိရပါတယ်။ လူ ၉ ယောက်ပျောက်ဆုံးနေတဲ့အပြင် ခရီးသည်နှစ်ယောက်ကလည်း မြေပြိုမှုကြောင့် ရွှံ့နဲ့ ကျောက်တုံးတွေကြားမှာ နစ်မြုပ်နေပြီး ပိတ်မိနေဆဲဖြစ်တယ်လို့သိရပါတယ်။

image