အိုင်ယာလန်နှင့်ပွဲတွင် အနီကတ်ပြသခြင်းခံရပြီးနောက် ပေါ်တူဂီလေ့ကျင့်ရေးစခန်းမှ အသင်းခေါင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒို ထွက်ခွာ
========================

ခရစ္စတီယာနိုရော်နယ်ဒိုဟာ အိုင်ယာလန်နှင့်ပွဲတွင် အနီကတ်ပြသခြင်းခံရပြီးနောက် ပေါ်တူဂီလေ့ကျင့်ရေးစခန်းမှ ထွက်ခွာလာခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ကြာသပတေးနေ့တုန်းက ဒဗ္ဗလင်တွင် ကစားတဲ့ပွဲစဉ်တွင် ဒါရာအိုရှီးယားကို တံတောင်ဖြင့် တွက်ခဲ့မှုအတွက် တိုက်ရိုက်အနီကတ်ပြသထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
Al Nassr နှင့် ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ပေါ်တူဂီအတွက် ကစားစဉ် ပထမဆုံးအကြိမ် အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရတဲ့ ပေါ်တူဂီဟာလည်း အိုင်ယာလန်ကို ၂-၀ ဂိုးဖြင့် အရေးနိမ့်သွားခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယင်း တိုက်ရိုက်အနီကတ်ပြစ်ဒဏ်ကြောင့် အနည်းဆုံး ၂ ပွဲပယ်ခံလာရမှာ ဖြစ်ပြီး ၃ ပွဲအထိလည်း တိုးမြှင့်ချမှတ်ခြင်းခံရနိုင်မှုနှင့်အတူ ကမ္ဘာ့ဖလားအဖွင့်ပွဲ ၂ ပွဲအထိ လွဲချော်လာနိုင်ပါတယ်။
အိုင်ယာလန်နည်းပြဟိုင်မာဟေးလ်ဂရမ်ဆင်နှင့်လည်း ပြဿနာတက်ခဲ့တဲ့ ရော်နယ်ဒိုဟာ တနင်္ဂနွေနေ့ည အာမေးနီးယားနှင့်ပွဲကို သေချာပေါက်လွဲချော်ပါမယ်။
ယနေ့တွင် A Bola ရဲ့ ဖော်ပြလာမှုအရ ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပေါ်တူဂီလေ့ကျင့်ရေးစခန်းမှ အိမ်ပြန်ပို့ခံလာရကြောင်း သိရပါတယ်။
သူဟာ ယခုနှစ် ပေါ်တူဂီရဲ့ နောက်ဆုံးပွဲကို ပရိသတ်အဖြစ်ပင် ပွဲကြည့်စင်မှ အားပေးလာမှာ မဟုတ်ပါဘူး။
သူဟာ ဆော်ဒီသို့ ပြန်ကာ Al Nassr ရဲ့လာမယ့် Al Khaleej နှင့်ပွဲအတွက် ပြင်ဆင်လာမယ်လို့ ယူဆရပါတယ်။

image