ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နိုင်ငံတော်သီချင်းသီဆိုလာမလား သောမတ်စ်တူချယ်ဖွင့်ဟလာ
=====================

သောမတ်စ်တူချယ်က လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းရဲ့ နိုင်ငံတော်သီချင်း God Save The King ကို သီဆိုလာနိုင်ကြောင်း ပြောကြားလာပါတယ်။
သောမတ်စ်တူချယ်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက အင်္ဂလန်အသင်းကို စတင် ကိုင်တွယ်ပြီးနောက် အင်္ဂလန်အသင်းကို ရာနှုန်းပြည့် နိုင်ပွဲဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် ဦးဆောင်ပေးထားနိုင်ပါတယ်။
တူချယ်ရဲ့ အင်္ဂလန်ဟာ လာမယ့် အယ်ဘေးနီးယားနှင့် နောက်ဆုံး ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဂိုးမပေးရပါက ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် တစ်ဂိုးမျှ မပေးရတဲ့ ပထမဆုံး ဥရောပအသင်း အဖြစ်လည်း သမိုင်းမှတ်တိုင်စိုက်ထူလာနိုင်ပါတယ်။
ကမ္ဘာ့ဖလားတွင် God Save The King ကို သီဆိုလာနိုင်သလားလို့ မေးမြန်းလာချိန်တွင် ဂျာမန်လူမျိုးနည်းပြက "ဆိုဖို့ စဉ်းစားသွားမယ်။ ကမ္ဘာ့ဖလားမှာ ဖြစ်နိုင်တယ်။ ကြည့်ကြသေးတာပေါ့"လို့ ပြောကြားသွားပါတယ်။

image