2 ရက် - ဘာသာပြန်ပါ။

◾️ပြည်သူ့ရှေဆောင်ပါတီဥက္ကဋ္ဌပါဝင်ယှဉ်ပြိုင်ခွင့်မရှိတော့သော်လည်း ပါတီအတွက်စိတ်ဓာတ်ကျစရာမရှိဟုဆို
ပါတီဥက္ကဌဒေါ်သက်သက်ခိုင်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်မရှိတော့သော်လည်း ပါဝင်ယှဉ်ပြိုင် မည့်ကိုယ်စာလှယ်လောင်းများအနေဖြင့် စိတ်ဓာတ်အားလျော့စရာမရှိကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဋ္ဌ ဦးစောဟန်အေးကပြောသည်။
“ကျွန်တော်တို့ပါတီကစုပေါင်းဆောင်ရွက်တဲ့ပါတီတစ်ခုပါ။ တစ်ယောက်မရှိလို့မဖြစ်ဘူးဆိုတာမရှိပါဘူး။ ဥပမာအနေနဲ့ပြောရရင် ရထားခေါင်းတွဲပြုတ်သွားလို့ ရထားထွက်လို့မရဘူးဆိုတာမရှိဘူး။ ဆက်သွားလို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ပါတီမှာ​ ဒေါ်သက်သက်ခိုင်အစိုးရအဖွဲ့ထဲမှာ လေးနှစ် တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာတောင်ကျွန်တော်တို့ပါတီကဆက်လက်ရှင်သန်ပြီးတော့ ပါတီမှတ်ပုံတင်တောင်အသစ်ပြန်တင်နိုင်သေးတာပဲ။ ဒါကြောင့် ကျွန်တော်တို့ပါတီဝင်တွေရော၊ ကိုယ်စာလှယ်လောင်းတွေပါရွေးကောက်ပွဲမှာ ပါတီဥက္ကဋ္ဌမပါဝင်နိုင်ပေမယ့် အားလျော့သွားစရာမရှိပါဘူး" ၎င်းကပြောသည်။
ဒေါ်သက်သက်ခိုင်သည် ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းခဲ့သော်လည်း UEC ကရွေးကောက်ပွဲဥပဒေပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းသဖြင့် ပြီးခဲ့သည့်အောက်တိုဘာ ၂၁ ရက်တွင် ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ကြောင်း ထုတ်ပြန်ခဲ့သည်။
ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်သည် ဘဏ်ချေးငွေကြွေးကျန်နှင့်ပတ်သက်ပြီး ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ခွင့်ရရေးအတွက် အောက်တိုဘာ ၃၀ ရက်တွင် ကမ္ဘောဇဘဏ်သို့ ကျပ်ငွေ သိန်းပေါင်းငါးသောင်းပေးသွင်းခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်ထံသို့ အသနားခံစာတင်ပြခဲ့သော်လည်း ထပ်မံပယ်ချခံခဲ့ရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ-PPP

image