4 d - Translate

◾️ထိုင်းနိုင်ငံ ကရာဘီခရိုင်တွင် ဓာတုစွန့်ပစ်ကန်သန့်ရှင်းရေးလုပ်စဉ် မြန်မာနှစ်ဦး အဆိပ်ငွေ့ရှူမိပြီး သေဆုံး
ထိုင်းနိုင်ငံ ကရာဘီခရိုင် ပလိုင်ဖလာရာခရိုင်ခွဲရှိ စားအုန်းဆီကုမ္ပဏီတစ်ခု၏ ဓာတုကန်သန့်ရှင်းရေးလုပ်နေသည့် မြန်မာအလုပ်သမားနှစ်ဦးမှာ နိုဝင်ဘာ ၁၄ ရက်က အဆိပ်ငွေ့ရှူမိပြီး သေဆုံးခဲ့ကြောင်း ဒေသအာဏာပိုင်များက ထုတ်ပြန်ထားသည်။
သေဆုံးသူနှစ်ဦးမှာအသက်(၂၄)နှစ်အရွယ်ကိုရှိုင်းလင်းအောင်နှင့်အသက်(၂၅)နှစ်အရွယ်ကိုကျော်လင်းဦးတို့ဖြစ် ပြီး အသက်(၂၂) နှစ်အရွယ် ကိုပိုင်ဆိုသူအားထိုင်းကယ်ဆယ်ရေးအဖွဲ့က အရင်ကယ်ထုတ်နိုင်ပြီး ဆေးရုံပို့ပေးခဲ့ကြောင်း သိရသည်။
မြန်မာအလုပ်သမားသုံးဦးမှာကုမ္ပဏီဝင်းထဲရှိ ကြက်ဥပုပ်ဓာတ်ငွေ့ဟု ခေါ်ကြသည့် ဟိုက်ဒရိုဂျင်ဆာလဖိတ် ပါဝင်သော ဓာတုကန်ထဲကိုဆင်းပြီး သန့်ရှင်းရေးလုပ်နေခဲ့ခြင်းဖြစ်ကာ ထိုင်းရဲတပ်ဖွဲ့၏ အဆိုအရ မြန်မာ အလုပ်သမားများမှာ အဆိပ်ငွေ့ အလွန်အကျွံရှူသွင်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မတော်တဆမှုဖြစ်ရသည့် အကြောင်းအရင်းအား ထိုင်းအာဏာပိုင်များက စစ်ဆေးနေပြီး နောက်ထပ် မဖြစ်ရန် ကြိုတင်ကာကွယ်ရေးစီမံချက် လုပ်ဆောင်ရန်စီစဉ်နေကြောင်း သိရသည်။
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း

image