4 နာရီ - ဘာသာပြန်ပါ။

အဝေးပြေးခရီးသွားလာမှု တစ်ရက်လျှင် ပျမ်းမျှဦးရေ တစ်သောင်းဝန်းကျင်ရှိ

ပွင့်လင်းရာသီဖြစ်သည်နှင့်အညီ အဝေးပြေးခရီးသွားလာမှုအနေဖြင့် တစ်ရက်လျှင် ပျမ်းမျှဦးရေ တစ်သောင်း ဝန်းကျင်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ စာရင်းများအရ သိရသည်။

ယခု နိုဝင်ဘာလ ပထမ ၁၀ ရက်ပတ်ကာလအတွင်း သွားလာသူခရီးသည်စုစုပေါင်း တစ်သိန်းကျော်ရှိ‌သည်ဟုလည်း သိရသည်။

အဆိုပါခရီးသည်များကို နေ့စဉ်ယာဉ်လိုင်းပေါင်း ၂၂၀ ဝန်းကျင်မှ ယာဉ်စီးရေ ၈၀၀ ဝန်းကျင်ဖြင့် နေ့စဉ်ပြေးဆွဲပေးနေခြင်းလည်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းရှိ ယာဉ်လိုင်းပေါင်း ၂၅၀ ဝန်းကျင်မှ ယာဉ်စီးရေ ၂,၅၀၀ ဝန်းကျင် အသုံးပြုလုပ်ကိုင်နေသည်။

ထိုနည်းတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ အဓိကထား ပြေးဆွဲသော ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ယာဉ်လိုင်းပေါင်း ၁၂၀ ကျော်မှ ယာဉ်စီးရေ ၁,၀၀၀ ကျော်ဖြင့် အသုံးပြုပြေးဆွဲနေကြောင်းလည်း သိရသည်။

imageimage