ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးလုပ်ငန်းဆောင်တာများ ပြန်လည်ပတ်

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးသည့်ကြားကာလ ပြီးသွားပြီ ဖြစ်သောကြောင့် ပုံမှန်လုပ်ငန်းများ ပြန်လည်လည်ပတ်နေကြောင်း အသိပေးထားသည်။

ယနေ့ (နိုဝင်ဘာ ၁၃ရက်) က အသိပေးခြင်းဖြစ်ကာ ဝန်ဆောင်မှုများနှင့် လည်ပတ်မှုအခြေအနေဆိုင်ရာ နောက်ဆုံးရသတင်းအချက်အလက်များကိုလည်း ပိုမိုမျှဝေနိုင်ရန် မျှော်လင့်ထားသည်ဟု ဆိုသည်။

ယခင်ကမူ ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးသော ကြားကာလအတွင်း ပုံမှန်လုပ်ဆောင်နေသည့်လုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ထို့အတွက် သံရုံး၏ Facebook အသုံးပြုမှုကို (အောက်တိုဘာ ၁၁) ရက်နေ့ကပင် ရပ်နားထားခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း ထိုကာလအတွင်း အမေရိကန်နိုင်ငံနှင့် ပြည်ပရှိ သံရုံးများ၊ ကောင်စစ်ဝန်ရုံးများတွင် ရက်ချိန်းယူထားသော နိုင်ငံကူးလက်မှတ်နှင့် ဗီဇာဝန်ဆောင်မှုများကို ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။

ယခုတွင်မူ ပိုမိုလည်ပတ်နိုင်ပြီဖြစ်ကာ သိလိုသောအချက်အလက်များကို mm.usembassy.gov တွင် ဝင်ရောက်ကြည့်ရှုပါနိုင်ကြောင်းလည်း အသိပေးထားသည်။

Photo:US Embassy Rangoon

image