16 နာရီ - ဘာသာပြန်ပါ။

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်ဈေး ယခင်တစ်ပတ်ထက် တစ်ပိဿာ ၅၅ ကျပ် ကျဆင်း

နိုဝင်ဘာ(၁၄)ရက်မှ (၂၀)ရက်အထိ တစ်ပတ်တာကာလအတွင်း ရောင်းချရမည့် စားအုန်းဆီရန်ကုန်အထိုင် အခြေခံလက်ကားရည်ညွှန်ဈေးမှာ တစ်ပိဿာလျှင် (၆,၃၅၅) ကျပ်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ်တွင် တစ်ပိဿာကျပ်(၆,၄၁၀)သတ်မှတ်ခဲ့သခြင့် ယခုတစ်ပတ်အတွက် စားအုန်းဆီဈေးမှာ ယခင်အပတ်ထက် ၅၅ ကျပ် ဈေးကျဆင်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင်း အခြေခံဈေးမှာ တစ်ပိဿာ (၆,၅၈၅)ကျပ်ဖြစ်နေခဲ့ပြီး ယခုနိုဝင်ဘာလ ပထမအပတ်မှ ဈေးအနည်းငယ်ကျဆင်းလာခဲ့ကာ ပြီးခဲ့သည့် နိုဝင်ဘာ ပထမအပတ်က ကျပ် (၆,၄၀၀) ၊ ဒုတိယအပတ်တွင် ကျပ်(၆,၄၁၀)ဖြစ်ကြောင်း သိရသည်။

စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသည်။

ပြည်ပမှစာအုန်းဆီကို ဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပိုသည့် နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်နေကြောင်းလည်း သိရသည်။

image