1 ရက် - ဘာသာပြန်ပါ။

ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက် (PL တွင် G.B.S ကုမ္ပဏီအား မှတ်ပုံတင်ခွင့်ပြု

ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက်တွင် G.B.S Agricultural Services Public Co.,Ltd (ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်) အား မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန်ထားသည်။

ရန်ကုန်စတော့အိတ်ချိန်းသည် G.B.S Agricultural Services Public Co.,Ltd (ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်) မှ တင်ပြလာသည့် လျှောက်လွှာများကို စိစစ်ခဲ့ပြီးနောက် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ အမိန့် ကြော်ငြာစာအမှတ် (၁/၂၀၂၃) ၊အပိုဒ် (၆) နှင့်အညီ ကော်မရှင်၏အတည်ပြုချက်အရ စာရင်းဝင်အကြိုဈေးကွက် (Pre-Listing Board-PL တွင် မှတ်ပုံတင်ရန် ခွင့်ပြုလိုက်သည်။

အဆိုပါကုမ္ပဏီ၏ မှတ်ပုံတင်မည့်နေ့ရက် (Registration Date) အား ရင်းနှီးမြှုပ်နှံသူများအတွက် အချိန်နှင့်တပြေးညီ ထပ်မံကြေညာသွားမည်ဖြစ်သည်။

အခြေခံဈေးနှုန်း (Base Price) အား မှတ်ပုံတင်သည့်နေ့ရက် (Registration Date) မတိုင်မီ ရုံးဖွင့်ရက်တစ်ရက်အလိုတွင် ရန်ကုန်စတော့အိတ်ချိန်း ဝက်ဘ်ဆိုဒ် (Website) တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

ဂျီဘီအက်(စ်) လယ်ယာဝန်ဆောင်မှုလုပ်ငန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်အား ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ဂွတ်(ဒ်)ဘရားသားကုမ္ပဏီလီမိတက်မှ GBS 360 Services တပတ်လည်ဝန်ဆောင်မှုလုပ်ငန်းများဖြင့် တောင်သူများ အကျိုးစီးပွားအား အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့သော အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်တွင် အစုရှယ်ယာရှင် ၃၀၀ ဦးနှင့် အစုရှယ်ယာအရေအတွက် (၉၄,၈၈၈)ခုနှင့် ထည့်ဝင်ထားသော မတည်ရင်းနှီးငွေစုစုပေါင်း (၉၄၈,၈၈၀,၀၀၀) ကျပ်ဖြင့် စတင်ခဲ့ပြီး လက်ရှိအချိန်တွင် ၂၀၂၅ ခုနှစ် ဇွန်လအတွင်း အစုရှယ်ယာရှင် ၂၃၂ ဦး၊အစုရှယ်ယာအရေအတွက် (၃,၅၂၇,၆၁၂) စုဖြင့် စုစုပေါင်း မတည်ရင်းနှီးငွေ (၃၅,၂၇၆,၁၂၀,၀၀၀)ကျပ်အထိ တိုးမြှင့်ထည့်ဝင်ထားနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်

image