2 ရက် - ဘာသာပြန်ပါ။

ယူကရိန်းကို ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အနိုင်ယူကာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာတဲ့ ပြင်သစ်
====================

ပြင်သစ်ဟာ ယူကရိန်းကို ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ ၄-၀ ဂိုးဖြင့် အနိုင်ယူပြီး ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာပါတယ်။

ယခုပွဲစဉ်မှာ ပြင်သစ်အတွက် အနိုင်ဂိုးတွေကို ကိုင်လီယန်ဘက်ပေးက Panenka ပင်နယ်တီ အပါအဝင် ၂ ဂိုးသွင်းခဲ့ပြီး ဟူဂိုအီကီတီကီကလည်း ပထမဆုံးနိုင်ငံတကာဂိုးသွင်းခဲ့သလို မိုက်ကယ်အိုလစ်ကလည်း သွင်းယူခဲ့ပါတယ်။

ပထမပိုင်းတွင် ဂိုးမရှိသရေကျပြီးနောက် ဘက်ပေးဟာ မိုက်ကယ်အိုလစ် ပင်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်မှုကနေ ရရှိတဲ့ ပင်နယ်တီကနေ Panenka ကန်ချက်ဖြင့် ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ ဒါယော့အူပါမီကာနိုရဲ့ ပင်နယ်တီ ဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်မှုကတော့ ဒိုင်လူကြီးဆဗတ်ကိုဗင်ဆစ်ဟာ ကွင်းဘေးမော်နီတာမှာ ကြည့်ရှုစစ်ဆေးခဲ့ပေမယ့် ပင်နယ်တီ မပေးခဲ့ပါဘူး။

ယင်းနောက် မိုက်ကယ်အိုလစ်နဲ့ ဘက်ပေးတို့က ၇ မိနစ်အတွင်း နောက်ထပ် ၂ ဂိုးသွင်းခဲ့သလို ဟူဂိုအီကီတီကီကလည်း ၈၈ မိနစ်မှာ စတုတ္ထဂိုးသွင်းခဲ့ပါတယ်။

ဘက်ပေးဟာ ယခုပွဲမှာ ၂ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ကစားသမားဘဝ ဂိုး ၄၀၀ ပြည့်ခဲ့သလို ပြင်သစ်အတွက် သွင်းဂိုး ၅၅ ဂိုးရှိသွားပြီဖြစ်ရာ ပြင်သစ်အတွက် ဂိုးအများဆုံးသွင်းယူထားတဲ့ အိုလီဗာဂျရူးရဲ့ ၅၇ ဂိုးစံချိန်ကို လိုက်မီဖို့ ၂ ဂိုးတည်းသာ လိုပါတော့တယ်။

ဘက်ပေးဟာ အခုပွဲမှာ ကိုယ်တိုင် ၂ ဂိုးသွင်းခဲ့သလို ပွဲပြီးခါနီးမှာ အီကီတီကီ ဂိုးသွင်းနိုင်အောင်လည်း တကိုယ်ကောင်းမဆန်ဘဲ ဖန်တီးပေးခဲ့ပါသေးတယ်။

image