ကမ္ဘာ့ဖလားခြေစစ်ပွဲသမိုင်းမှတ်တမ်းစိုက်နိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်ထားပြီ ဖြစ်တဲ့ အင်္ဂလန်
===================
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဘယ်ဥရောပအသင်းမှ မရယူဖူးသေးတဲ့ သမိုင်းမှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်မယ့် အခွင့်အရေးနှင့် လက်တစ်ကမ်းအလိုသို့ ရောက်နေပြီ ဖြစ်ပါတယ်။
အင်္ဂလန်ဟာ ကြာသပတေးနေ့ညတုန်းက ဝင်ဘာလေကွင်းတွင် ဆားဘီးယားကို သက်တောင့်သက်သာဖြင့် ကစားကာ ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ခြေစစ်ပွဲ ၇ ပွဲတွင် ၇ ပွဲမြောက် နိုင်ပွဲ ရရှိလာပါတယ်။
အင်္ဂလန်ဟာ ပထမပိုင်းတွင် ဘူကာယိုဆာကာသွင်းယူတဲ့ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီးနောက် လူစားဝင်ရောက်လာတဲ့ အီဘီရီချီအီးဇီးက အနိုင်သေချာစေမယ့် ဒုတိယဂိုးကို သွင်းခဲ့တာပါ။
အင်္ဂလန်အသင်းဟာ သောမတ်စ်တူချယ်ရဲ့ လက်အောက်တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တစ်ဂိုးမျှ မပေးရသေးပါဘူး။
အင်္ဂလန်ဟာ လာမယ့် တနင်္ဂနွေနေ့ အယ်ဘေးနီးယားတွင် ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ )တွင် ဂိုးမပေးရပါက ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ၁ ဂိုးမျှ မပေးရတဲ့ ပထမဆုံးဥရောပအသင်း ဖြစ်လာပါမယ်။
အသက် ၅၂ နှစ်ရှိ သောမတ်စ်တူချယ်နှင့် အင်္ဂလန်အသင်းအတွက် ယင်းစံချိန်က လာမယ့် တနင်္ဂနွေနေ့ပွဲအတွက် တွန်းအားတစ်ခု ဖြစ်လာနိုင်ပါတယ်။
အင်္ဂလန်က ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားပြီး ဖြစ်သလို အယ်ဘေးနီးယားကလည်း ဒုတိယနေရာ ရရှိရန် သေချာနေပြီလည်း ဖြစ်ပါတယ်။
အင်္ဂလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၇ ပွဲလုံး နိုင်ပွဲ ရရှိထားရာမှာ ဂိုး ၂၀ အထိ သွင်းထားနိုင်ပါတယ်။
ဒါ့အပြင် အင်္ဂလန်ဟာ အယ်ဘေးနီးယားနှင့်ပွဲတွင် နိုင်ပွဲ ရရှိလာပါက ယူရို ၂၀၂၄ ချန်ပီယံ စပိန်၊ အာလင်းဟာလန်းရဲ့ နော်ဝေတို့နှင့်အတူ ရာနှုန်းပြည့်နိုင်ပွဲဖြင့် ခြေစစ်ပွဲအောင်မြင်တဲ့အငသင်း ဖြစ်လာပါမယ်။