2 ရက် - ဘာသာပြန်ပါ။

ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအားလုံး အလွဲအမှားမရှိ တိတိကျကျနှင့် အချိန်ကိုက်ဖြစ်စေရေး တာဝန်ရှိသူအားလုံးက ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် UEC ဥက္ကဋ္ဌ တိုက်တွန်း

ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးသည် ရွေးကောက်ပွဲနေ့ မဲပေးခြင်းတစ်ခုတည်းမဟုတ်ဘဲ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး၊ ကြိုတင်မဲများ ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေး၊ ရွေးကောက်ပွဲနေ့တွင် မဲပေးစက်များဖြင့် သက်ဆိုင်ရာ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးစသည်တို့ကို ဟန်ချက်ညီမျှတစွာ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ‌ ကော်မရှင် ( UEC) ဥက္ကဌ ဦးသန်းစိုးက ပြောသည်။

ထို့ကြောင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအားလုံး အလွဲအမှားမရှိ တိတိကျကျနှင့် အချိန်ကိုက်ဖြစ်စေရန် တာဝန်ရှိသူအားလုံးက ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်လည်း ဦးသန်းစိုး ကပြောသည်။

ယမန်နေ့က ကျင်းပသည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင် ( UEC) ဥက္ကဌ ဦးသန်းစိုးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ရွေးကောက်ပွဲအတွက် လိုအပ်သည့် မဲပေးစက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သတ်မှတ်ထားသည့် အရေအတွက်များအတိုင်း ဖြန့်ခွဲပို့ဆောင်ထားပြီးဖြစ်၍ မဲပေးစက်များကို မထိခို-က်စေရန်၊ မပျ-က်စီးစေရန် စနစ်တကျ သိုလှောင်သိမ်းဆည်းထားကြရန်လည်း လိုအပ်ကြောင်း ပြောကြားထားသည်။

ရွေးကောက်ပွဲအပိုင်း တစ်ပိုင်းနှင့်တစ်ပိုင်းအကြား ရွှေ့ပြောင်းရာတွင် အပိုင်းလိုက်ရွှေ့ပြောင်းမည့်စီမံချက်(Move Plan)၊ ဖြန့်ခွဲမည့်အစီအစဉ်၊ နည်းပညာအထောက်အကူပြုအဖွဲ့များက မဲပေးစက်များနှင့်စပ်လျဉ်း၍ အသေးစိတ်ဆောင်ရွက်ကြမည့် အစီအစဉ်များကို တင်ပြကြရန်နှင့် အပိုင်းလိုက် သယ်ယူရွှေ့ပြောင်းရန်အတွက် ရန်ပုံငွေများကို သုံးစွဲရာတွင် အလေအလွင့်မရှိစေရေး စနစ်တကျစိစစ်ဆောင်ရွက်ကြရလည်း လိုအပ်ကြောင်း သိရသည်။

လာမည်ရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းဖြင့်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်နေ့၌ စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသိပေးထားသည်။

image