ရန်ကုန်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့ မြူဆိုင်းမည်

နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့ နံနက် ၇ နာရီခန့်အထိ မြူဆိုင်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားသည်။
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း(အရှေ့+အနောက်)၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် နံနက် ၇ နာရီခန့်အထိ မြူဆိုင်းနိုင်သည်ဟုဆိုသည်။
ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် "မြူဆိုင်းသည့်ဧရိယာ" ပိုမိုကျယ်ပြန့်နိုင်ပြီး ကုန်း/ရေ/လေ ခရီးသွားလာခြင်းများ နိုဝင်ဘာ ၁၂ ရက် ည ၁၀ နာရီခန့်မှ နိုဝင်ဘာ ၁၃ ရက် နံနက်အစောပိုင်းအချိန်များအထိ သတိပြုရန် သတိပေးထားသည်။
ထို့ပြင် တနိုင်ငံလုံးတွင် ၇ ရက်အတွင်း မိုးလုံးဝမရွာနိုင်မည့်ရက်များ ရှိနိုင်ပြီး နံနက်အစောပိုင်းရရှိတတ်သည့် မြူနှင်းမိုးစက်မျှရှိသော မိုးရေချိန်သာ ရရှိနိုင်ကြောင်း ၎င်းက ခန့်မှန်းထားသည်။

image