တစ်နိုင်ငံလုံးတွင် ဆေးတက္ကသိုလ်တက်ရောက်ခွင့်ရသူ (၁,၄၂၈) ဦးရှိ

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတ က္ကသိုလ်များတွင် နိုဝင်ဘာ ၂၄ ရက်မှစတင်ကာဖွင့်လှစ်မည့် ပထမနှစ်သင်တန်းတက်ရောက်ခွင့်ရသူ (၁,၄၂၈) ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနကအသိပေးထုတ်ပြန်ခဲ့သည်။
ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် (၃၂၇) ဦး၊ ဆေးတက္ကသိုလ်မန္တလေးတွင် (၃၃၁) ဦး၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်တွင် (၃၁၈) ဦး၊ ဆေးတက္ကသိုလ်မကွေးတွင် (၁၀၆) ဦး၊ ဆေးတက္ကသိုလ်တောင်ကြီးတွင် (၆၁) ဦး၊ Naypyitaw State Academy တွင် (၅၈) ဦး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ရန်ကုန်တွင် (၉၇) ဦး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မန္တလေးတွင် (၁၃၀) ဦးတို့ဖြစ်သည်။
ထို့ကြောင့် တက်ရောက်ခွင့်ရသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၀င်ခွင့်ရသည့်တက္ကသိုလ်များတွင် နိုဝင်ဘာ ၁၇ ရက်မှစတင်ကာ သတင်းပို့ ၍ ကျောင်းအပ်ရမည်ဖြစ်ကာ ၂၀၂၅-ခုနှစ် တက္ကသိုလ် ၀င်စာမေးပွဲအောင်လက်မှတ်၊ ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသည့်အမှတ်စာရင်း (မူရင်း) ၊ ကျောင်းသား၊ ကျောင်းသူ၏ မှတ်ပုံတင် (မူရင်း) တို့ကိုလည်း သက်ဆိုင်ရာတက္ကသိုလ်သို့တင်ပြရမည်ဖြစ် သည်။
ထိုသို့ သတင်းပေးပို့ခြင်း၊ ကျောင်းအပ်နှံခြင်းတို့ကို သတ်မှတ်ထားသည့် ဒီဇင်ဘာ ၃၁ ရက်အထိဆောင်ရွက်ခြင်းမရှိသော ဝင်ခွင့်ရရှိသူများကို၀င်ခွင့်စာရင်းမှ ပယ်ဖျက်သွားမည်ဟုလည်း အသိပေးခဲ့သည်။

image