1 ပတ် - ဘာသာပြန်ပါ။

နယ်စပ်ဖြ-တ်ကျော်ရာဇဝတ်မှုများနှင့် မူးယစ်ဆေးဝါးတို-က်ဖျ-က်ရေးတို့တွင် အိမ်နီးချင်းနိုင်ငံများကဝိုင်းဝန်းထိန်းချုပ်ပေးရန်ပြော

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများနှင့် မူးယစ်ဆေးဝါးတို-က်ဖျ-က်ရေးတို့တွင် အိမ်နီးချင်းနိုင်ငံများကဝိုင်းဝန်းထိန်းချုပ်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများမှ ယနေ့ နိုဝင်ဘာ ၁၂ ရက်နံနက်ပိုင်းက ရန်ကုန်မြို့အခြေစိုက်၊ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
နယ်စပ်ဖြ-တ်ကျော်ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးတို-က်ဖျ-က်ရာတွင် မြန်မာနိုင်ငံ၌မထုတ်လုပ်နိုင်သည့် ဓာတုအခြေပြုမူးယစ်ဆေးဝါးများ နယ်စပ်နိုင်ငံများမှ တစ်ဆင့်ဝင်ရောက်နေမှုများထိန်းချုပ်နိုင်ရေး၊ EAOs များ အဓိကပါဝင်နေပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးတည်ငြိမ်မှုနှင့် တိုက်ရိုက်သက်ဆိုင်နေခြင်းတို့ကြောင့် အလေးထားဆောင်ရွက်နေသည်ဟု ပြောသည်။
ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများက ဝိုင်းဝန်းထိန်းချုပ်ပေးရန်နှင့် အလေးထားစောင့်ကြည့်အရေးယူပေးရန် မေတ္တာရပ်ခံလိုသည်ဟုလည်း ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများက ပြောသည်။
ထို့ပြင် KK Park ရှိ အဆောက်အဦးပေါင်း(၆၂၅)လုံးအ နက် ပထမအဆင့်တွင် (၁၄၈)လုံးဖြိုချဖျ-က်ဆီးနေခြင်း ၊ ဒုတိယအဆင့်တွင် (၆၂)လုံး၊ တတိယအဆင့်တွင် (၄၂၅)လုံးဆက်လက်ဖြိုချသွားမည့်အခြေအနေ၊ ရောက်ရှိနိုင်ငံ၊ မူရင်းနိုင်ငံနှင့် တစ်ဆင့်ခံနိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်မှုအရေးကြီးခြင်းတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် သံတမန်များကလည်း သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။

image