ဆီးဂိမ်းစ်ဝင်မယ့် မြန်မာ ယူ- ၂၂ အသင်း ပြည်တွင်းခြေစမ်းပွဲနှစ်ပွဲ ဆက်ကစားမယ်

၂၀၂၅ ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲဝင်မယ့် မြန်မာ ယူ- ၂၂ အသင်းဟာ လာမယ့်ရက်ပိုင်းအတွင်း ပြည်တွင်းခြေစမ်းပွဲနှစ်ပွဲ ဆက်ကစားသွားဖို့ရှိနေပါတယ်။
မြန်မာ ယူ -၂၂ အသင်းဟာ ပြီးခဲ့တဲ့နိုဝင်ဘာ (၁၁) ရက်က မြန်မာ ယူ- ၂၂ (ခ) အသင်းနဲ့ ခြေစမ်းကစားခဲ့ရာမှာ (၃-၂) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
မြန်မာ ယူ- ၂၂ အသင်းဟာ နိုဝင်ဘာ (၁၄) ရက်မှာ မြန်မာ ယူ- ၂၂ (ခ) အသင်း၊ နိုဝင်ဘာ (၁၈) ရက်မှာ မြန်မာ့လက်ရွေးစင်အသင်းတွေနဲ့ ဆက်လက်ခြေစမ်းကစားသွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ ဆီးဂိမ်းစ်ဝင်မယ့် မြန်မာ ယူ- ၂၂ အသင်းအတွက် အထောက်အကူဖြစ်စေဖို့ အရန်အသင်းအနေနဲ့ မြန်မာ ယူ- ၂၂ (ခ) အသင်းကို ကစားသမား (၂၉) ဦးနဲ့ ဖွဲ့စည်းပေးထားပြီး နည်းပြချုပ်အဖြစ် ဟံသာဝတီယူနိုက်တက်အသင်း နည်းပြချုပ်ဖြစ်သူ ဦးမျိုးမင်းထွန်းကို တာဝန်ပေးအပ်ထားပါတယ်။

image