MI5 က ဆိုးသွမ်းဉာဏ်ရည်တု၏ ထိန်းမနိုင် သိမ်းမရ အန္တရာယ်ကိုစောင့်ကြည့်

ဗြိတိန်သူလျှိုများသည် ဆိုးသွမ်းဉာဏ်ရည်တု စနစ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရန် စတင်လုပ်ဆောင်နေပြီဟု MI 5 အကြီးအကဲက ပြောကြားခဲ့သည်။
ဆာခန်း မက်ကယ်လမ် က ဉာဏ်ရည်တု ၏ အန္တရာယ်ဖြစ်စေမည့် အလားအလာကို လျစ်လျူရှုခြင်းသည် ပရမ်းပတာဖြစ်ရမ်းများကိုဖြစ်ပေါ်စေပြီး ထင်ရာစိုင်းကြလိမ့်မည်ဟု ပြောကြားခဲ့သည်။
လုံခြုံရေးဌာန၏ ထမ်းဟောက်စ် ရုံးချုပ်၌ မိန့်ခွန်းပြောကြားရာတွင် ၎င်းက "ဟောလိဝုဒ် ရုပ်ရှင်ဇာတ်လမ်းများကို ခန့်မှန်းခြင်း" မဟုတ်သော်လည်း ထောက်လှမ်းရေးအေဂျင်စီများသည် အန္တရာယ်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက “MI 5 သည် ကျွန်ုပ်တို့၏လူသား— တစ်ခါတစ်ရံ လူမဆန်သော-ရန်ဘက်များထက် သာလွန်အောင် တီထွင်ဆန်းသစ်ရန် ရာစုနှစ်တစ်ခုကျော်ကြာအောင် အဆင့်မြင့်သောအရာများကို လုပ်ဆောင်ခဲ့ရ‌ကြောင်း ပြောကြားခဲ့သည်။
“သို့သော် ယနေ့ခေတ်ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသည့် ၂၀၂၅ တွင် ကျွန်ုပ်တို့သည် လူသားများ၏ ကြီးကြပ်ကွပ်ကဲမှုနှင့် ထိန်းချုပ်မှုကို ရှောင်လွှဲနိုင်သည့် လူသားမဟုတ်သော ဉာဏ်ရည်တုစနစ်များ၏ အနာဂတ်အန္တရာယ်များကို ဖော်ထုတ်ရန် လိုအပ်ပါသည်။
“ဉာဏ်ရည်တုက ကျွန်တော်တို့ကို အန္တရာယ်ဖြစ်စေဖို့ ဆိုတာကဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး။ ဒါပေမယ့် အန္တရာယ်ဖြစ်စေနိုင်တဲ့ အလားအလာကို လျစ်လျူရှုတာကတော့ ဆင်ခြင်တုံတရား ကင်းမဲ့တာ ဖြစ်ပါလိမ့်မယ်" ဟု သူက‌ပြောကြားခဲ့သည်။

image