တရုတ်တွင် တံတားအသစ်တစ်စင်းသည် လများမကြာမီ ပြိုကျ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် မကြာသေးမီက ဖွင့်လှစ်ထားသည့် တံတားအသစ်၏ အစိတ်အပိုင်း တခုပြိုကျခဲ့ရာ တိဗက်နှင့် နိုင်ငံ၏ ဗဟိုချက်မဖြစ်သော နိုင်ငံတော် အဝေးပြေးလမ်းမကြီးတစ်လျှောက် နိုဝင်ဘာလ ၁၁ ရက်နေ့က ပြိုကျခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သော်လည်း အ‌ေ-သအပျေ-ာက် သတင်းများ မရရှိခဲ့ကြောင်းသိရသည်။
အနီးနားရှိ တောင်စောင်းများနှင့် လမ်းများပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ထွက်ကာ တောင်တန်း၏ မြေပြင်အနေအထားတွင် ရွေ့ပြောင်းမှုများကို မြင်တွေ့ရပြီးနောက် ၇၅၈ မီတာရှည်သော ဟွန်ချီ တံတားကို နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ယာဉ်သွားလာမှုအားလုံးကို ပိ-တ်ပစ်ခဲ့ကြောင်း မာကန်မြို့ရှိ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက တောင်စောင်းတွင် အခြေအနေများ ပိုမိုဆိုးရွားလာကာ မြေပြိုသဖြင့် ချဉ်းကပ်တံတား ပြိုကျခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါတံတားသည် စီချွမ်လမ်းနှင့် တံတားအုပ်စုမှ ကန်ထရို-က်တာက ယခုနှစ်အစောပိုင်းတွင်မှ တည်ဆောက်မှု ပြီးစီးခဲ့ကြောင်း သိရသည်။

image