4 ရက် - ဘာသာပြန်ပါ။

ပထမနှစ် နေ့သင်တန်းဝင်ခွင့်ရစာရင်းများ ထုတ်ပြန်မည်

ပထမနှစ် နေ့သင်တန်းဝင်ခွင့်ရစာရင်းများကို နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် နေ့သင်တန်း ဝင်ခွင့်ရသူများစာရင်းကို သက်ဆိုင်ရာတက္ကသိုလ်နှင့် ဒီဂရီကောလိပ်အသီးသီးတွင် ကြေညာထားမည်ဖြစ်သည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာန website နှင့် အဆင့်မြင့်ပညာဦးစီးဌာန website တို့တွင်လည်း ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၂၀၇,၈၉၈) ဦး ရှိခဲ့ပြီး အောင်မြင်သူ (၉၉,၉၂၄) ဦးရှိခဲ့ကာ အောင်ချက် ၄၈ ဒသမ ဝ၆ ရာခိုင်နှုန်းရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image