နေပြည်တော်ရှိ ငလျင်ဒ-ဏ်သင့်ဝန်ထမ်းအိမ်ရာအသစ် (၂၃၀) လုံးအား ပြန်လည်တည်ဆောက်မည်

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် နေပြည်တော်ရှိပျ-က်စီးသွားသော ဝန်ထမ်းအိမ်ရာများအတွက် ဇမ္ဗူသီရိမြို့နယ်ရှိ သုခသိဒ္ဓိရပ်ကွက် အကွက်အမှတ် (၃) ၊ (၈-ခ) ၊ (၄) တို့တွင် ဝန်ထမ်းအိမ်ရာအသစ် (၂၃၀) လုံးအားပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ တည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၁ ရက်နံနက်ပိုင်းကကျင်းပရာ နေပြည်တော် ဒု-မြို့​တော်ဝန်ဦး​မောင်​မောင်တက်ရောက်၍ အ​ဆောက်အဦးများအားလုံးကို တစ်ပြိုင်တည်းစတင်ဆောင်ရွက်ရမည်ဖြစ်ပြီး ဝန်ထမ်းအိမ်ရာများအမြန်ဆုံးဆောက်လုပ်ပြီးမှသာ ဝန်ထမ်းများအဆင်ပြေချောမွေ့စွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် နေရာချထားပေးနိုင်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ယခုအဆောက်အဦးများသည် ငလျင်ဒ-ဏ်ပြန်လည်ထူထောင်ရေးအတွက် တည်ဆောက်နေခြင်းဖြစ်၍ MNBC Code 2025 ပါ စံနှုန်းများနှင့်အညီ အရည်အသွေးပြည့်မီသော စံနမူနာပြအဆောက်အဦးများဖြစ်စေရန် ဆောက်လုပ်ရေးအသင်းနှင့် ကုမ္ပဏီများကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

image