ယနေ့နံနက်ပိုင်းက သာစည်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်လှုပ်ခတ်
မန္တလေးတိုင်း၊ သာစည်မြို့ကိုဗဟိုပြု၍ ယနေ့ နိုဝင်ဘာ ၁၂ ရက်နံနက်ပိုင်းက အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှထံမှ သိရသည်။
သာစည်မြို့၏ တောင်ဘက် (၆) မိုင်ခန့်အကွာ အနက် (၁၀) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၀) အဆင့် အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် နံနက် ၇ နာရီ ၄၈ မိနစ် ၁၂ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုသည် အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးချိန်၌ (၂၄၂) ကြိမ်မြောက်အဖြစ်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။