နိုင်ငံခြားရေး ပြည်ထောင်စုဝန်ကြီးက အိန္ဒိယသံအမတ်ကြီးကို လက်ခံတွေ့ဆုံ
နယ်နိမိတ်ဆိုင်ရာကိစ္စနှင့် ကုန်သွယ်မှုတိုးမြှင့်ရေးကိစ္စများဆွေးနွေး
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur ကို နိုဝင်ဘာ ၁၁ ရက်က ရန်ကုန်မြို့၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေဆုံစဉ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ အထူးသဖြင့် နယ်နိမိတ်ဆိုင်ရာကိစ္စရပ်များနှင့် ကုန်သွယ်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အိန္ဒိယမှ မြန်မာနိုင်ငံသို့ ငလျင်ဘေးအလွန် ကူညီပေးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံမှု၌ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အိန္ဒိယသံရုံးမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။