4 ရက် - ဘာသာပြန်ပါ။

အာဆီယံ ယူ-၁၆ ဖူဆယ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းမှာ ထိုင်းအသင်းနှင့် တစ်အုပ်စုတည်းတွင် ကျရောက်နေ

အာဆီယံ ယူ-၁၆ ဖူဆယ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ယူ-၁၆ ဖူဆယ်အသင်းမှာ ထိုင်းအသင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘရူနိုင်းအသင်းတို့နှင့် တစ်အုပ်စုတည်းတွင် ကျရောက်နေသည်။
ထို့အတူ အာဆီယံ ယူ-၁၉ ဖူဆယ် ပြိုင်ပွဲတွင်လည်း မြန်မာ့လက်ရွေးစင် ယူ-၁၉ ဖူဆယ်အသင်းသည် အုပ်စု(ခ)တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယားအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။
ယင်းပြိုင်ပွဲတွင် ယူ-၁၆ အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ လက်ရှိတွင် မြန်မာဖူဆယ်အသင်းအနေဖြင့် တာမွေမြို့နယ် ဧရာဝတီဘဏ်သင်တန်းကျောင်းတွင် နေထိုင်လျက် စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်နေကြောင်း သိရသည်။
အဆိုပါမြန်မာ့လက်ရွေးစင် ဖူဆယ် ယူ-၁၉ လက်ရွေးစင်အသင်းနှင့် ယူ-၁၆ အသင်းတို့ကို ဖူဆယ်ကော်မတီဥက္ကဋ္ဌက ယမန်နေ့ နိုဝင်ဘာ (၁၀)ရင် ညနေပိုင်းတွင် သွားရောက်တွေ့ဆုံအားပေးခဲ့ကာ လိုအပ်ချက်များကို ဖြည့်စည်းဆောင်ရွက်ပေးရန် အုပ်ချုပ်နည်းပြအဖွဲ့ဝင်များကို မှာကြားခဲ့ကြောင်း သိရသည်။

image