6 ရက် - ဘာသာပြန်ပါ။

အဲဗာတန်နှင့်ပွဲအား ရွှေ့ဆိုင်းပေးရန် ပရီးမီးယားလိဂ်ကို အာဆင်နယ် တောင်းဆိုလာ

အာဆင်နယ်ဟာ သုံးရက်အတွင်း နှစ်ပွဲကစားရမယ့် အခြေအနေအား ရှောင်လွဲနိုင်ရန်အတွက် အဲဗာတန်နှင့်ပွဲစဉ်အား ရွှေ့ဆိုင်းပေးရန် ပရီးမီးယားလိဂ်ထံ တောင်းဆိုလာပါတယ်။
အာဆင်နယ်ဟာ အဲဗာတန်နှင့်ပွဲစဉ်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့ တနင်္ဂနွေနေ့တွင် ကစားရမှာ ဖြစ်ပြီး တစ်ရက်စောပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့ စနေနေ့သို့ ပြောင်းရွှေ့ကစားရန် တရားဝင် တောင်းဆိုလာတာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ အာဆင်နယ်ဟာ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ခရစ္စတယ်ပဲလေ့စ်နှင့် ခါရာဘောင်ဖလားကွာတားဖိုင်နယ်ကစားရန် ရှိပါတယ်။
ယင်းခါရာဘောင်ဖလားပွဲစဉ်မှာ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကစားရန် သတ်မှတ်ထားပေမယ့်လည်း ပဲလေ့စ်မှာ ကွန်ဖရင့်လိဂ်ကြောင့် ငါးရက်အတွင်း ၃ ပွဲကစားရမယ့် အခြေအနေကြောင့် ရွှေ့ဆိုင်းထားရတာလည်း ဖြစ်ပါတယ်။
ယခုအခါ အာဆင်နယ်ကလည်း ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲမတိုင်မီ ကစားသမား ပြန်လည်လန်းဆန်းလာစေရေး အချိန်ရရှိလာစေရန်အတွက် အဲဗာတန်နှင့်ပွဲကို တစ်ရက်စောပြီး ကစားခွင့်ပေးရန် တရားဝင် တောင်းဆိုလာပါတယ်။
လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ဘက်က အာဆင်နယ်ဘက်က တောင်းဆိုလာမှုအား အခြေအနေအရပ်ရပ်အပေါ် စဉ်းစားသုံးသပ်မှု ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

image