အသင်းတွေ့ဆုံပွဲတွင် ယူနိုက်တက်ကစားဖော်များရှေ့မှောက်မှာ အမိုရမ်ရဲ့ အပြင်းအထန် ဝေဖန်ခြင်းခံခဲ့ရတဲ့ အူဂတ်တီ

ရူဘင်အမိုရမ်ဟာ အသင်းတွေ့ဆုံပွဲတွင် မန်နူရယ်အူဂတ်တီအား အပြင်းအထန် ဝေဖန်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ယူနိုက်တက်နည်းပြဟာ ကစားသမားများကို ဝေဖန်ရာတွင် ဘယ်တုန်းကမှ နောက်မတွန့်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
သူဟာ နွေရာသီတုန်းက အသင်းစိတ်ဓာတ်ကို ပြိုကွဲအောင် လုပ်ဆောင်လာနိုင်တဲ့ မားကပ်စ်ရက်ဖို့ဒ်၊ ဂျာဒွန်ဆန်ချို၊ အလီဂျန်ဒရိုဂါနာချိုနှင့် အန်တိုနီတို့အား ပထမအသင်းမှ ထုတ်ပယ်ခဲ့သူလည်း ဖြစ်ပါတယ်။
ဂါနာချိုမှာ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးတွင် ကစားဖော်များရှေ့မှောက်မှာပင် အသင်းသစ်ရှာဖွေရန် ပြောဆိုခြင်းခံခဲ့ရပါတယ်။
အမိုရမ်ဟာ အခြားယူနိုက်တက်ကစားသမားတစ်ဦးဖြစ်တဲ့ အူဂတ်တီကိုလည်း ကစားသမားများရှေ့မှောက်မှာပင် အပြင်းအထန်ဝေဖန်ခဲ့ပါတယ်။ အမိုရမ်နှင့် အူဂတ်တီတို့ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၃ ခုနှစ်အထိ စပို့တင်းလစ္စဘွန်းတွင် လက်တွဲခဲ့ကြဖူးသူများလည်း ဖြစ်ပါတယ်။
အမိုရမ်ဟာ အူဂတ်တီရဲ့ လုပ်အား ကျဆင်းလာမှုအား အပြင်းအထန်ဝေဖန်ခဲ့ပြီး ယခင် ပထမအကြိမ် လက်တွဲခဲ့ဖူးတုန်းကမတူဘဲ ပိုမိုသက်တောင့်သက်သာ နေထိုင်လာကြောင်း ဝေဖန်ခဲ့ကြောင်း The Athletic က ဖော်ပြသွားပါတယ်။
အမိုရမ်ရဲ့ အူဂတ်တီအား အပြင်းအထန် အပြစ်တင်ပြောဆိုမှုမှာ မျှတတယ်လို့ ယူနိုက်တက်ကစားဖော်များကလည်း လက်ခံကြောင်း သိရပါတယ်။
အမိုရမ်ဟာ တစ်ဦးချင်း တွေ့ဆုံ ပြောဆိုနိုင်ပေမယ့် သူ့သင်ခန်းစာများကို အခြားသူများလည်း ကြားနိုင်စေရန်အတွက် အသင်းတွေ့ဆုံပွဲတွင် ဝေဖန်ထောက်ပြမှု ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။

image