ချယ်လ်ဆီးကွင်းလယ်လူ လာဗီယာ အနည်းဆုံးတစ်လခန့် ထပ်နားရမယ်

ချယ်လ်ဆီးကွင်းလယ်လူ လာဗီယာဟာ ကြွက်သားဒဏ်ရာနဲ့ အနည်းဆုံးတစ်လခန့် ထပ်မံအနားယူရဖို့ ရှိပါတယ်။
လာဗီယာ(၂၁ နှစ်)ဟာ ချယ်လ်ဆီးကို စရောက်လာကတည်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာပါ။
၎င်းအနေနဲ့ ပြီးခဲ့တဲ့ ကာရာဘတ်နဲ့ နှစ်ဂိုးစီသရေကျတဲ့ ချန်ပီယံလိဂ်ပွဲမှာ လေးမိနစ်သာကစားပြီး ဒဏ်ရာရခဲ့တာဖြစ်တယ်။
လာဗီယာဟာ ကလပ်ကမ္ဘာ့ဖလားမှာ ဒဏ်ရာရပြီး ပြန်ကစားနိုင်ကတည်းက လေးပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ လာဗီယာကို ၂၀၂၃ ခုနှစ်က ဆောက်သမ်တန်အသင်းကနေ ပေါင် ၃၅ သန်းနဲ့ ခေါ်ယူခဲ့တာပါ။
၎င်းအနေနဲ့ နှစ်ရာသီခွဲကာလအတွင်း ဒဏ်ရာမကြာခဏရနေလို့ ၂၉ ပွဲသာ ကစားထားရပြီး ၈၈ ပွဲ လွဲချော်ခဲ့ပါတယ်။

image