ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ရဲ့ အကောင်းဆုံးကစားသမားဆုကို မန်စီးတီးတောင်ပံကစားသမား ဒိုကူ ရရှိ
မန်စီးတီးအသင်းရဲ့ ဘယ်လ်ဂျီယံတောင်ပံကစားသမား ဒိုကူဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)မှာ မန်စီးတီးအသင်းက လီဗာပူးလ်ကို (၃-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီး အဲဒီပွဲမှာ ဒိုကူက ကိုယ်တိုင် တစ်ဂိုးသွင်းယူပြီး တိုက်စစ်ကို အဓိကဦးဆောင်ခဲ့တာကြောင့် အခုလို ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒိုကူဟာ ပရိသတ်တွေရဲ့ ဆန္ဒမဲ (၄၀ %)အထိ ရရှိခဲ့ပြီး ဘောလက်(ဆန်းဒါးလန်း)က (၂၁ %)၊ ဂါနာချို(ချယ်လ်ဆီး)က (၂၀ %)၊ တခြားဆန်ခါတင်ကစားသမားတွေက (၅ %)နဲ့အောက်သာ ရရှိခဲ့ပါတယ်။
ဒိုကူဟာ ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်အလိုက် ကစားသမားဆုရရှိတဲ့ ဒုတိယမြောက်မန်စီးတီးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဟာလန်းက ပရီးမီးယားလိဂ်ပွဲစဉ်(၆)ရဲ့ အကောင်းဆုံးကစားသမားဆု ရရှိခဲ့တာပါ။
ဒိုကူက လီဗာပူးလ်နဲ့ပွဲအပြီးမှာ ပြိုင်ပွဲကို ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းအကြောင်း စဉ်းစားခြင်းမရှိဘဲ ကိုယ့်အသင်း ရလဒ်ကောင်းဖို့သာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ပါတယ်။