စပိန်အသင်းလူစာရင်းက နုတ်ထွက်မှုအပေါ် နည်းပြ ဒယ်လာဖွန်တေ အံ့အားသင့်
စပိန်လက်ရွေးစင်အသင်းနည်းပြ ဒယ်လာဖွန်တေက ဘာစီလိုနာတိုက်စစ်ကစားသမား ယမားလ်
အသင်းလူစာရင်းက နုတ်ထွက်မှုအပေါ်
အံ့အားသင့်မိတယ်လို့ ပြောခဲ့ပါတယ်။
ယမားလ်ဟာ(၁၈ နှစ်)ဟာ ပေါင်ခြံဒဏ်ရာနဲ့
နုတ်ထွက်ခဲ့တာဖြစ်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာလည်း ဒီအကြောင်း မသိရဘူးလို့ ကြေညာထားပါတယ်။
''ဒီလိုအခြေအနေမျိုး မကြုံဖူးပါဘူး။ ဒါက ပုံမှန်ပဲလို့ ကျွန်တော် မယူဆပါဘူး။ ဘာမှမသိရဘူး၊ ဘာမှလည်း မကြားရဘူး၊ ဘာအချက်အလက်မှလည်း
မသိရဘူး။ ပြီးတော့ သူတို့က ကျန်းမာရေးကိစ္စလို့ ပြောလိမ့်မယ်။ ဒါက အံ့အားသင့်စရာပါ''လို့
ဒယ်လာဖွန်တေက ပြောခဲ့ပါတယ်။
ယမားလ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆယ်လ်တာဗီဂိုနဲ့ပွဲ နာကျင်အချိန်ပိုမှာ လူစားလဲမခံရခင် အသင်းအတွက် တစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။
စပိန်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုမှာ ရာနှုန်းပြည့် အနိုင်ရထားပေမဲ့ ခြေစစ်ပွဲ မအောင်သေးပါဘူး။
လက်ကျန်နှစ်ပွဲမှာ နိုဝင်ဘာလ ၁၅ ရက် ဂျော်ဂျီယာ၊ နိုဝင်ဘာလ ၁၈ ရက် တူရကီတို့နဲ့ ကစားရမှာဖြစ်ပါတယ်။