3 ပတ် - ဘာသာပြန်ပါ။

ရုရှားစစ်ရေယာဥ်(၃)စင်း ရန်ကုန်မြို့သို့ရောက်ရှိလာ

ရုရှားနိုင်ငံ၊ ရုရှားရေတပ် Pacific Fleet မှစစ်ရေယာဉ် (၃) စင်း တတိယအကြိမ် မြန်မာ-ရုရှားနှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ယနေ့ နိုဝင်ဘာ ၁၀ ရက်ညနေပိုင်းက ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။
ဖရီဂိတ်စစ်ရေယာဉ် Marshal Shaposhnikov ၊ ကော်ဗက်စစ် ရေယာဉ် Gremyashchiy နှင့်ထောက်ပံ့ရေးရေယာဉ် Boris Butoma တို့ဆိုက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ရေယာဥ်များအား တပ်မတော် (ရေ) မှ အရာ ရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားရေတပ်မှ ဒု-ရေ တပ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး Aleksei Anatolievich kilashko ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများကကြိုဆိုခဲ့ကြကြောင်း သိရသည်။
ယင်း စစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Pacific Fleet မှ Captain 1st Rank Ulyanenko Aleksey ဦးစီး၍ အရာရှိ၊စစ်သည်များလိုက်ပါလာပြီး ၎င်းတို့သည် ခရီးစဉ်အတွင်း၌ ရန်ကုန်မြို့ရှိ အထင်ကရနေရာများကိုသွားရောက်လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများပြုလုပ်ခြင်းနှင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း (Harbour Phase) များကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

image