ဆီးဂိမ်းစ်အတွက် ရည်ရွယ်ကာ မြန်မာ ယူ-၂၂ ဘောလုံးအသင်းကို နှစ်သင်းဖွဲ့စည်းထား
၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ရည်ရွယ်ကာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၂ ဘောလုံးအသင်းကို နှစ်သင်း ဖွဲ့စည်းထားသည်။
ထို့ကြောင့် မြန်မာယူ (၂၂) က အသင်းနှင့် မြန်မာယူ (၂၂)ခ အသင်းဟူ၍ ရှိလာမည်ဖြစ်သည်။
မြန်မာ ယူ၂၂ (ခ)အသင်းကိုမူ မြန်မာ့လက်ရွေးစင်ဟောင်းများဖြစ်သည့် ဦးဇော်လင်းထွန်း (အသင်းမန်နေဂျာ)နှင့် ဦးမျိုးမင်းထွန်း(နည်းပြချုပ်)တို့က ဦးဆောင်ပြီး လေ့ကျင့်ပေးလျက်ရှိသည်။
ထို့ပြင် ခြေစမ်းပွဲများ ကစားပြီးနောက် အဆိုပါအသင်းနှစ်သင်းမှ အကောင်းဆုံးလူစာရင်းကို ရွေးချယ်ကာ ဆီးဂိမ်းစ်ပြိုင်ပွဲဝင်အသင်းအဖြစ် ဖွဲ့စည်းသွားမည်ဖြစ်သည်ဟု နားလည်ရသည်။