3 ပတ် - ဘာသာပြန်ပါ။

ပြည်သူများအနေဖြင့် ပေးဆောင်ရမည့်အခွန်များကို ကြည်ဖြူကျေနပ်စွာပေးဆောင်နိုင်ရေး အခွန်ပညာပေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရန် လို

အခွန်ထမ်းပြည်သူများအနေဖြင့် မိမိတို့ပေးဆောင်ရမည့်အခွန်ကို ကြည်ဖြူကျေနပ်စွာ ပေးဆောင်နိုင်ရန်အတွက် အခွန်ပညာပေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်ရန်လိုအပ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ပြောသည်။
ယမန်နေ့က ရန်ကုန်တိုင်းအခွန်ရုံးက တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က အထက်ပါတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်အတွက် အခွန်ငွေရရှိစေရေးအတွက်လည်း ဥပဒေပြဌာန်းချက်များနှင့်အညီ ကောက်ခံဆောင်ရွက်ရန်လည်း လိုအပ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
အခွန်နှုန်းထားကို မတိုးမြှင့်ဘဲ အခွန်အခြေကို ချဲ့ထွင်ခြင်းနှင့် အခွန်လွတ်ကင်းမှုများ မဖြစ်ပေါ်စေရေးဆောင်ရွက်မည့်အစီအစဉ်များကိုလည်း အခွန်ကောက်ခံမှုအထောက်ကူပြုအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

image