4 ရက် - ဘာသာပြန်ပါ။

မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညိနှိုင်းရေးမှုးနှင့် တွေ့ဆုံ

ငလျင်ဒ-ဏ်သင့်ပြည်သူများကို ပံပိုးဆောင်ရွက်နေမှု အခြေအနေများဆွေးနွေး
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှုး နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှုး Ms . Gwyn Lewis ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီးအစိုးရရုံး၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် အကောင်ထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းများနှင့် ငလျင်ဒ-ဏ်သင့်ပြည်သူများကို လူသားချင်းစားနာထောက်ထားမှုအကူအညီများ ပံ့ပိုးဆောင်ရွက်နေမှု အခြေအနေများ၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှု၌ မန္တလေးတိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

image