အောက်တိုဘာလအတွက် ပြည်ပသို့ အလုပ်သမားစေလွှတ်သည့် စေလွှတ်လချုပ်ပေးပို့ရန် အေဂျင်စီ ၄၀ ကျန်ရှိနေ

၂၀၂၅ ခုနှစ် အောက်တိုဘာလအတွက် ပြည်ပသို့အလုပ်သမားစေလွှတ်သည့် စေလွှတ်လချုပ်ပေးပို့ရန် အေဂျင်စီ ၄၀ ကျန်ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာန၏ Safe migration မှ ထုတ်ပြန်ထားသည်။
အဆိုပါအေဂျင်စီများအနေဖြင့် စေလွှတ်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သက်ဆိုင်ရာသို့ အချိန်မီပေးပို့ပေးရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် အဆိုပါအေဂျင်စီများအနေဖြင့် dolmigrationsending@gmail.com သို့ အချိန်မီပေးပို့ရန် အသိပေးထားပြီး သတ်မှတ်ရက်အတွင်း ပေးပို့ခြင်းမရှိပါက ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အလုပ်သမားဝန်ကြီးဌာနက တရားဝင်ခွင့်ပြုထားသည့် ပြည်ပအလုပ်အကိုင်အေဂျင်စီများမှာ ၅၄၇ ခုရှိပြီး ယင်းတို့အနက် အချို့သည် လိုင်စင်ယာယီပိတ်သိမ်းခံထားရသည့် ပြည်ပအလုပ်အကိုင် အေဂျင်စီများလည်း ရှိသည်။

image