ကမ္ဘောဒီးယားနှင့် အီရန် ခရီးသွား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး
ကမ္ဘောဒီးယားနှင့် အီရန်နိုင်ငံတို့သည် ခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို တနင်္လာနေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း ကမ္ဘောဒီးယား ခရီးသွားလာရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းဝန်ကြီး ဟွတ်ဟတ် နှင့် အီရန်ယဉ်ကျေးမှုအမွေအနှစ်၊ ခရီးသွားလာရေးနှင့် လက်မှုပညာဝန်ကြီး ရက်ဇာ ဆာလေဟီ အမီရီ တို့သည် ဆော်ဒီအာရေဗျနိုင်ငံမြို့တော် ရီယဒ် ၌ ၂၆ ကြိမ်မြောက် ကုလသမဂ္ဂခရီးသွားလုပ်ငန်း အထွေထွေညီလာခံ အစည်းအဝေး၏ ပြင်ပတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
လူဦးရေ သန်း ၉၀ ကျော်ရှိတဲ့ အီရန်ဟာ ကမ္ဘောဒီးယားအတွက် အလားအလာရှိတဲ့ ခရီးသွားဈေးကွက်ဖြစ်လာလိမ့်မယ်လို့ ဟတ် က ပြောပါသည်။
နားလည်မှုစာချွန်လွှာမှတစ်ဆင့် ကမ္ဘောဒီးယားသည် ၎င်း၏ဈေးကွက်ကို အရှေ့အလယ်ပိုင်းသို့ ဖြန့်ကျက်နိုင်ကာ မွတ်ဆလင်နှင့် အဆင်ပြေသော ခရီးသွားလုပ်ငန်းကို ချဲ့ထွင်ကာ အီရန်ခရီးသွားများထံ အရောက်လှမ်းနိုင်ရန် တန်ဖိုးမြှင့်ခရီးသွားလုပ်ငန်းထုတ်ကုန်များနှင့် အမွေအနှစ်ခရီးသွားလုပ်ငန်းများကို ဖန်တီးနိုင်သည်ဟု ၎င်းက ဆိုသည်။