4 ရက် - ဘာသာပြန်ပါ။

မော်ဂန်ရော်ဂျာစ်ကို ၂၀၃၁ ခုနှစ်အထိ အက်စတွန်ဗီလာအသင်း သက်တမ်းတိုးစာချုပ် ချုပ်ဆို

အက်စတွန်ဗီလာအသင်းဟာ အင်္ဂလန်တိုက်စစ်ကစားသမား မော်ဂန်ရော်ဂျာစ်ကို ၂၀၃၁ ခုနှစ်အထိ နှစ်ရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
မော်ဂန်ရော်ဂျာစ် (၂၃ နှစ်) ဟာ ၂၀၂၄ ဆောင်းရာသီအပြောင်းအရွှေ့မှာ မစ်ဒယ်ဘရော့ကနေ အက်စတွန်ဗီလာအသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ PFA အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိတဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဒါကြောင့် ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပြီး မန်ယူအသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်ကြောင်းလည်း ပြီးခဲ့တဲ့နွေရာသီမှာ သတင်းထွက်ခဲ့ပါတယ်။
ဒါပေမဲ့ အက်စတွန်ဗီလာအသင်းက ဆက်ထိန်းထားနိုင်ခဲ့တဲ့အပြင် သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ခဲ့တာပါ။
မော်ဂန်ရော်ဂျာစ်က အက်စတွန်ဗီလာအသင်းကို ကိုယ့်အိမ်လိုခံစားရပြီး အားလုံးရဲ့ ယုံကြည်မှုကို ရရှိတဲ့အတွက် စာချုပ်သစ်ချုပ်ဆိုဖို့ မစောင့်နိုင်အောင်တောင် ဖြစ်ခဲ့ရကြောင်း၊ ဒီအသင်းမှာ အရမ်းပျော်ရွှင်နေကြောင်း ပြောကြားခဲ့ပါတယ်။

image