2 ရက် - ဘာသာပြန်ပါ။

ဆန်းတို့စ်အတွက် ပထမဆုံးပွဲထွက်ကစားနိုင်တဲ့ပွဲတွင် မာနကြီးတဲ့ ဒိုင်လူကြီးရဲ့ ခြိမ်းခြောက်မှု ခံခဲ့ရကြောင်း နေမာ ဖွင့်ဟလာ
=====================

နေမာရဲ့ ဆန်းတို့စ်အတွက် တကျော့ပြန်ကစားလာနိုင်တဲ့ပွဲက အိပ်မက်တစ်ခုထက် အိပ်မက်ဆိုးတစ်ခု ဖြစ်လို့ နေပါတယ်။
ဆန်းတို့စ်ဟာ ဖလာမင်ဂိုကို ရှုံးနိမ့်ပြီးတဲ့နောက် ရာသီသိမ်းရန် ၆ ပွဲတည်းသာ လိုတော့တဲ့ အချိန်တွင် တန်းဆင်းဇုန်နှင့် ၂ မှတ်အကွာမှာ ရပ်တည်နေရပြီ ဖြစ်ပါတယ်။
၎င်းတို့ဟာ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတဲ့ ဖလာမင်ဂိုကို အဝေးကွင်းတွင် ၃-၂ ဂိုးဖြင့် ရှုံးနိမ့်လာချိန်မှာတော့ အဝေးကွင်း ၂ ပွဲဆက် အရှုံးနှင့် ကြုံလာရပါတယ်။
ဒီပွဲမှာ နေမာဟာ စက်တင်ဘာလလလယ်ပိုင်းနောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဆန်းတို့စ်အတွက် ပွဲထွက်ကစားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဆန်းတို့စ်ဟာ ဖလာမင်ဂိုရဲ့ ၃-၀ ဂိုးဖြင့် ဦးဆောင်ခြင်းခံခဲ့ရပြီး နေမာလည်း ပွဲနှောင်းပိုင်းမှာ လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။
ဒီပွဲမှာ နေမာဟာ ဖလာမင်ဂိုပရိသတ်များရဲ့ “Neymar, f*** off! You came back to Santos only to play in the second division!” ဆိုပြီး သံပြိုင် အော်ဟစ်လှောင်ပြောင်မှု ပြုလုပ်ခဲ့ကြပါတယ်။
ဆန်းတိုစ်ဟာ ပွဲနှောင်းပိုင်းမှာ ချေပဂိုး ၂ ဂိုးရခဲ့ပေမယ့် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်ပြီး ၃-၂ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။
နေမာဟာ ဆော်ဒီတွင် ကာလတို ကစားစဉ်အတွင်း ဒဏ်ရာပြဿနာကြုံခဲ့ရပြီးနောက် ကစားသမားဘဝ စတင်ရာ ဆန်းတို့စ်သို့ ပြန်ရောက်လာချိန်တွင်လည်း ဒဏ်ရာပြဿနာများနှင့်သာ ရင်ဆိင်နေခဲ့ရပါတယ်။
သူဟာ ပထမပိုင်းဂိုးမရှိသရေကျနေချိန်တွင် ဒိုင်လူကြီးဆီသို့ သွားရောက်ကာ စောဒကတက်မှု ပြုလုပ်ခဲ့ပါတယ်။
ကွင်းလယ်ဒိုင်လူကြီးဆာဗီယိုပီရီရာဆမ်ပါအိုဟာ ပွဲချိန် ၃၆ မိနစ်မှာ နေမာကို အဝါကတ်ပြသခဲ့ပါတယ်။
ပွဲအပြီးတွင် နေမာက "ဒီဒိုင်က အရမ်းဆိုးတယ်။ ဆိုးတဲ့အပြင် လေးစားသမုလည်း မရှိဘူး။ မာနတခွဲသားနဲ့။ တကယ်ပြောတာပါ။ သူတို့ အဝတ်အစားလဲခန်းသို့ သွားတိုင်း အသင်းခေါင်းဆောင်ပဲ စကားပြောခွင့်ရှိတယ်လို့ သူတို့ ပြောကြတယ်။ ကျွန်တော်တို့ စကားသွားပြောတော့ နောက်လှည့်သွားတယ်၊ ပြီးတော့ ထွက်ပြေးတယ်"လို့ ပြောကြားသွားပါတယ်၊
ဒါ့အပြင် ဆက်လက်ပြီး နေမာက "သူ့ကို စကားပြောတဲ့အချိန်မှာလည်း ကျုပ်ကို ခြိမ်းခြောက်သေးတယ်။ အရမ်းခက်ခဲရှုပ်ထွေးတယ်။ သူက ကျုပ်ကို ခြိမ်းခြောက်လို့ ဆိုပြီး ကျုပ်ကို အဝါကတ်ပြတယ်။ သူက 'မင်း ငါ့အနားကပ်လာရင် အဝါကတ်ပြမယ်'လို့ ပြောတယ်၊ ကျုပ်ကလည်း 'မင်းကို စကားပြောလို့ မရဘူးလား'လို့ မေးခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
တဖက်တွင် နေမာဟာ လူစားလဲလှယ်ခြင်းမခံရမီ ဆန်းတို့စ်နည်းပြဂျူအန်ပါဘလိုဗိုဗိုဒါကို မေးခွန်းထုတ်မှု ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။
Globo က နေမာက 'ငါ့ကို လူစားလဲမလား'လို့ မေးခွန်းထုတ်ခဲ့ကြောင်း ဖော်ပြသွားပါတယ်။ နေမာဟာ လူစားလဲလှယ်ခြင်းခံရပြီးနောက် ဥမင်လှိုဏ်ခေါင်းသို့ ဆင်းသွားပါတယ်။
ဆန်းတို့စ်ဟာ ကလပ်သက်တမ်း ၁၁၃ နှစ်အတွင်းတွင် ၁ ကြိမ်တည်းသော တန်းဆင်းရမှုအဖြစ် ၂၀၂၃ ခုနှစ်က တန်းဆင်းခဲ့ရပေမယ့်လည်း ပြီးခဲ့တဲ့နှစ်မှာ စီးရီးအေသို့ ချက်ချင်း တန်းပြန်တက်လာနိုင်ခဲ့ပါတယ်။
ယခုအခါ အသက် ၃၃ နှစ်ရှိပြီ ဖြစ်တဲ့ ဘာစီလိုနာနှင့် ပီအက်စ်ဂျီစူပါစတားဟာ ယခုရာသီတွင် ဒဏ်ရာပြဿနာကြောင့် ဆန်းတို့စ်ရဲ့ ပွဲ ၁၄ ပွဲအား လွဲထားပြီးလည်း ဖြစ်ပါတယ်။
သူဟာ ယခင်ကလပ် Al Hilal တွင် ကစားစဉ်တုန်းက ဒဏ်ရာပြဿနာကြောင့် ၁၈ လအတွင်း ၇ ပွဲတည်းသာ ကစားနိုင်ခဲ့ပါတယ်။

image