2 ရက် - ဘာသာပြန်ပါ။

ယူနိုက်တက်ပထမအသင်းအတွက် ကစားခွင့်မရသေးတဲ့ ဆယ်ကျော်သက်ကစားသမားကို ဩစတြေးလျအသင်း ရွေးချယ်လာ
=======================

သူဟာ စီနီယာဘောလုံးပွဲတစ်ပွဲမှ မကစားရသေးပါဘူး။ သူဟာ နွေရာသီကမှ ယူနိုက်တက်သို့ ပြောင်းလာခဲ့တာပါ။ သူဟာ ဩစတြေးလျအသင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အော်မြင်တဲ့ ၂၀၀၆ ခုနှစ်တုန်းက မွေးတောင် မမွေးသေးပါဘူး။
ဒါပေမယ့် အသက် ၁၈ နှစ်ရှိ ညာနောက်ခံလူဂျိမ်းစ်အိုဗီရီဟာ အမေရိကန်တွင် ဗင်နီဇွဲလား၊ ကိုလံဘီယာတို့နှင့် ကစားမယ့် ဩစတြေးလျအသင်းရဲ့ ခြေစမ်းပွဲစဉ်များအတွက် လူစာရင်းမှာ ရွေးချယ်ခြင်းခံလာရပြီ ဖြစ်ပါတယ်။
စနေနေ့တုန်းက လိဒ်နှင့် ကစားတဲ့ ယူနိုက်တက်ရဲ့ ယူ-၁၈ ပွဲစဉ်မှာ ပါဝင်ကစားခဲ့တဲ့ အိုဗီရီဟာ လာမယ့် နိုင်ငံတကာခြေစမ်းပွဲစဉ်များတွင် ရွေးချယ်ခြင်းခံလာရမှုနှင့်အတူ စီနီယာပွဲတစ်ပွဲမျှ မကစားရသေးခင်မှာဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားခင့်ရလာဖို့ ရှိနေပါတယ်။
Perth Glory လူကျော်သက်ကစားသမားဟောင်းဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီဗွန်သို့ ပြောင်းကာ ဩစတြေးလျမှ ရောက်လာသူ ဖြစ်ပါတယ်။ သူဟာ South West Peninsula League တွင် Newton Abbot Spurs ပထမအသင်းမှာ ကစားစဉ် ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် တစ်နှစ်အကြာ ယူနိုက်တက်အကယ်ဒမီသို့ ပြောင်းခွင့်ရခဲ့ပါတယ်။
သူဟာ ဖနောင့်ဒဏ်ရာကြောင့် တိုးတက်မှု နှောင့်နှေးခဲ့ပေမယ့်လည်း ယူနိုက်တက်ယူ-၁၈ နှင့် ယူနိုက်တက်ယူ-၂၁ အသင်းတို့မှာ သူ့ပါရမီပြသထားနိုင်သလို National League Cup ပွဲစဉ်တွေမှာ စီနီယာပြိုင်ဘက်တွေဖြစ်တဲ့ တမ်ဝတ်၊ ရော့ချ်ဒဲလ်တို့နှင့် ပွဲတွေမှာလည်း ပါဝင်ကစားထားပါတယ်။
အိုဗီရီဟာ လျှင်မြန်တဲ့ ညာနောက်ခံလူဖြစ်ရာ ဗဟိုနောက်ခံလူများကို အကာအကွယ်ပေးနိုင်သလို တိုက်စစ်ကိုလည်း ကောင်းကောင်းလိုက်ပါ ကစားနိုင်သူ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့လတုန်းက ချီလီတွင် ကျင်းပတဲ့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဩစတြေးလျယူ-၂၀ အသင်းနှင့်အတူ ကစားခဲ့ပါတယ်။ ဩစတြေးလျယူ-၂၀ ဟာ အုပ်စုအဆင့်ကိုတော့ ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိပါဘူး။
ဩစတြေးလျနည်းပြတိုနီပိုပိုဗစ်က "သူ့က စောင့်ကြည့်ခံရဖို့ ထိုက်တန်သူပါ။ လတ်တလောအနာဂတ်နဲ့ ရေရှည်အတွက် စိတ်တံခါးဖွင့်ပေးထားပါတယ်။ ချီလီမှာ သူ့ကို အနီးကပ် စောင့်ကြည့်ခဲ့တယ်။ အထင်ကြီးခဲ့တယ်။ ယူနိုက်တက်နဲ့ ကောင်းမွန်တဲ့ ဆက်သွယ်မှု ရှိပါတယ်။ ဒီတော့ လေ့ကျင့်ရေးကွင်းမှာ သူတွေ လုပ်နေလဲ သိပါတယ်။ သူဟာ ပထမအသင်းမှာလည်း မကြာခဏ ရွေးချယ်ခံနေရတာပါ"လို့ ပြောကြားသွားပါတယ်။
ဩစတြေးလျနည်းပြပိုပိုဗစ်ဟာ လာမယ့်နိုင်ငံတကာခြေစမ်းပွဲများတွင် အိုဗီရီအပါအဝင် လက်ရွေးစင်အသင်းအတွက် ကစားခွင့်မရဖူးသေးတဲ့ ကစားသမား ၇ ဦးကို ရွေးချယ်ထားပါတယ်။
အိုဗီရီဟာ စကော့တလန်ယူ-၁၉ အသင်းမှာလည်း ကစားခဲ့ဖူးရာ စကော့တလန်အတွက်လည်း ကစားခွင့်ရှိသူ ဖြစ်ပါတယ်။

image