နောက်ဆုံးရရှိလာတဲ့ ဒဏ်ရာကြောင့် တစ်လကြာ နားရမယ့် ချဲလ်ဆီးစတားလာဗီယာ
=======================

ချဲလ်ဆီးအလယ်တန်းကစားသမားရိုမီယိုလာဗီယာဟာ ပေါင်ကြွက်သားဒဏ်ရာကြောင့် အနည်းဆုံး တစ်လကြာ အနားယူလာရပါတော့မယ်။
အသက် ၂၁ နှစ်ရှိ လာဗီယာဟာ စတမ်းဖို့ဒ်ဘရစ်ချ်သို့ ရောက်လာပြီးနောက် ဒဏ်ရာပြဿနာများနှင့် ဆက်တိုက် ကြုံတွေ့လာခဲ့ရသူလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့အပတ်တုန်းက ကွာရာဘက်နှင့် ၂ ဂိုးစီသရေကျတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွင် ပွဲထွက်ကစားခဲ့ပေမယ့်လည်း ပွဲအစ ၄ မိနစ်တွင်ပင် ပေါင်အရှေ့ပိုင်း ကြွက်သားဒဏ်ရာရရှိခဲ့ပါတယ်။
သူဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒဏ်ရာရရှိပြီးနောက် ယခုရာသီတွင် ချဲလ်ဆီးအတွက် ၄ ပွဲတည်းသာ ပွဲထွက်ကစားထားနိုင်ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ် နွေရာသီတွင် ဆောက်သမ်တန်မှ ပေါင် ၅၃ သန်းဖြင့် ပြောင်းလာပြီးနောက် ဒဏ်ရာပြဿနာများနှင့် ဆက်တိုက် ကြုံတွေ့လာရကာ ၂၉ ပွဲတည်းသာ ကစားထားနိုင်ပြီး ၈၈ ပွဲအထိ လွဲချော်ထားပါတယ်။
သူဟာ တံကောက်ကြော၊ ပေါင်နှင့် အခြားအမည်မသိဒဏ်ရာများနှင့် ရုန်းကန်နေရကာ ချဲလ်ဆီးအတွက် တစ်ပွဲမျှ ပွဲချိန်ပြည့်ကစားထားနိုင်ခြင်း မရှိပါဘူး။
ချဲလ်ဆီးဟာ သူ့ကို တစ်ပတ်လျှင် တစ်ပွဲစီသာ ကစားစေပြီး ဒဏ်ရာပြဿနာမှ ဖြည်းဖြည်းခြင်း ရုန်းထွက်လာနိုင်စေရန် ကြိုးပမ်းလုပ်ဆောင်ပေးနေပါတယ်။
ချဲလ်ဆီးအသင်းခေါင်းဆောင်ရီစီဂျိမ်းစ်မှာလည်း လာဗီယာကဲ့သို့ပင် ဒဏ်ရာပြဿနာကြောင့် ဆက်တိုက် ရုန်းကန်လာခဲ့ရသူပါ။
လာဗီယာဟာ နောက်ဆုံး ရရှိလာတဲ့ ဒဏ်ရာကြောင့် ဘန်လေ၊ ဘာစီလိုနာ၊ အာဆင်နယ်၊ လိဒ်၊ ဘုန်းမောက်၊ အတ္တလန္တာတို့နှင့် ပွဲစဉ်များကို လွဲချော်လာပါမယ်။
ချဲလ်ဆီးဟာ စနေနေ့တုန်းက ဝုဗ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

image