နာပိုလီနည်းပြရာထူးမှ နုတ်ထွက်လာနိုင်ကြောင်း အရိပ်အမြွက်ပြောဆိုလာတဲ့ ကွန်တီ
====================
နာပိုလီနည်းပြအန်တိုနီယိုကွန်တီဟာ စီးရီးအေတွင် ဘိုလော့ဂ်နာကို ရှုံးပွဲ ကြုံတွေ့ခဲ့ပြီးတဲ့နောက် အသင်းအပေါ် ဆိုးဆိုးရွားရွား ဝေဖန်မှု ပြုလုပ်လာကာ ရာထူးမှ နုတ်ထွက်လာနိုင်ကြောင်း အရိပ်အမြွက်ပြောကြားလာပါတယ်။
ချဲလ်ဆီးနှင့် စပါးစ်နည်းပြဟောင်းဟာ အသင်းအတွင်း ကစားသမားများအကြား အချိတ်အဆက်မမိမှု၊ တိုက်ပွဲဝင်စိတ် နည်းပါးနေမှုနှင့်အတူ အသင်းကို ကောင်းမွန်အေင် ဦးဆောင်ထားနိုင်ခြင်း မရှိကြောင်း ပြောကြားလာတာလည်း ဖြစ်ပါတယ်။
နာပိုလီဟာ တနင်္ဂနွေနေ့တုန်းက ဘိုလော့ဂ်နာကို စိတ်ပျက်ဖွယ်ရာ ၂-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဖယ်ပေးခဲ့ရပါတယ်။
ကွန်တီက "အရာရာတိုင်းမှာ စွမ်းအင်ပိုလိုအပ်နေတယ်။ သူတို့(ဘိုလော့ဂ်နာ)က ကျုပ်တို့ထက် ပို အပြုသဘောဆောင်ပြီး ဆန္ဒပြင်းပြမှုကို ပြသနေတာ စိတ်ပျက်စရာပါ။ ဒါက ကျွန်တော်တို့ကို ရောင်ပြန်ဟပ်လာမှာ။ ဒီပွဲက ဒီနှစ်အစကနေ စပြီး ငါးပွဲမြောက် ရှုံးပွဲ ဖြစ်ပါတယ်။ ဒီတော့ ရောင်ပြန်ဟပ်ဖို့ လိုတယ်။ သူတို့ ကြာသပတေးနေ့ ပွဲကစားခဲ့ရတယ်။ အဆိပ်ခပ်ခံထားရသလိုပဲ။ ကျွန်တော်တို့ ဒီပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားတာပဲလေ။ အခုဆို သုံးလေးလ ကျော်လာပြီ။ အသင်းအကြားမှာ ဘာအချိတ်အဆက်မှ မရှိဘူး။ အတူ တိုက်ခိုက်လိုစိတ်လည်း မရိကြဘူး။ ဒီအခြေအနေကို ပြောင်းလဲပစ်လာနိုင်မလား မသေချာပါဘူး။ တစ်ဦးတစ်ယောက်ကို မရည်ညွှန်းလိုပါဘူး။ အားလုံးမှာ တာဝန်ယူမှု အပြည့်ရှိပါတယ်။ ကျွန်တော်က ထိပ်ဆုံးက ပါပါတယ်။ နှလှံးအစားထိုးလုပ်ဖို့ ရွေးချယ်စရာမလိုပါဘူး။ ကျွန်တော်တို့ တစ်ယောက်ချင်းစီတိုင်း တိုက်လို ခိုက်လိုစိတ် ပြန်ရှာတွေ့ဖို့ လိုနေတယ်"လို့ ပြောကြားသွားပါတယ်။
ကွန်တီဟာ နည်းပြဘဝအတွင်း အသင်းရဲ့ ခြေစွမ်းဆိုးရွားချိန်တွင် လူသိရှင်ကြား ပြောင်ပြောင်တင်းတင်း ဝေဖန်လေ့ရိသူ ဖြစ်ပါတယ်။
ဆက်လက်ပြီး ၎င်းက "တစ်ညတည်းနဲ့ အပြောင်းအလဲ ဖြစ်လာဖို့ တွေးခဲ့တယ်။ မမေ့နိုင်စရာ လုပ်ခဲ့တယ်။ ဒါပေမယ့် ဆက်လုပ်ရမယ်။ ငါတို့ မှန်မှန်ကန်ကန်လုပ်ခဲ့လား၊ ပြီးခဲ့တဲ့ရာသီတုန်းကလို ကလဲ့စားချေလိုစိတ် ရှိသေးရဲ့လားလို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ရမယ်။ ဒီကောင်တွေဆီမှာ စွမ်းအင် နောက်ထပ် ရှာမတွေ့လို့ စိတ်ပျက်ရတယ်။ ကျုပ်ကိုယ်တိုင်ကညံ့လို့ပါ"လို့ ပြောကြားသွားပါတယ်။