1 ပတ် - ဘာသာပြန်ပါ။

မြန်မာဗိုဗီနမ်အသင်း ရွှေတံဆိပ်နှစ်ခု အပါအဝင် ဆုတံဆိပ်(၁၄)ခု ရရှိ
---------------------

8th WVVF World Vovinam Championship 2025 ပြိုင်ပွဲ ကို အင်ဒိုနီးရှား နိုင်ငံ၊ ဘာလီမြို့မှာ နိုဝင်ဘာ ၁ ရက်ကနေ ၈ ရက်ထိ ကျင်းပခဲ့ရာ မြန်မာ ဗိုဗီနမ်အသင်း အနေနဲ့ ရွှေတံဆိပ် နှစ်ခုအပါအဝင် ဆုတံဆိပ် စုစုပေါင်း (၁၄) ခုကို ဆွတ်ခူး ရရှိခဲ့တယ်လို့ မြန်မာဗိုဗီနမ် အသင်းကနေ သိရပါတယ်။
ပြိုင်ပွဲကို အုပ်ချုပ်သူ နည်းပြ(၂)ယောက် နဲ့ အားကစားသမား အမျိုးသား (၃) ယောက်၊ အမျိုးသမီး (၃) ယောက် တို့ က အားကစားနည်းအမျိုးအစား (Event) ၁၆ မျိုးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ အဲဒီ ဗိုဗီနမ် ပြိုင်ပွဲမှာ မြန်မာအသင်းအနေနဲ့ အမျိုးသမီး (၄၈-၅၁) ကီလိုတန်း အတိုက်ပြိုင်ပွဲမှာ ရွှေတံဆိပ်တစ်ခု၊ အမျိုးသမီး ဓားမြှောင်နှစ်လက် အပြပြိုင်ပွဲနဲ့ အမျိုးသမီး ဓားတစ်လက်အပြ ပြိုင်ပွဲမှာ ရွှေတံဆိပ် တစ်ခုနဲ့ ကြေး တံဆိပ် တစ်ခုရရှိခဲ့တာပါ။
ဒါ့အပြင် အမျိုးသားလက်သိုင်းအပြပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲ ဓားမြှောင် အတိုက် အပြပြိုင်ပွဲ၊ အမျိုးသား တုတ်ရှည်အပြပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲ ဓားရှည်နှစ်လက်အတိုက်ပြ ပြိုင်ပွဲ နဲ့ ဓားရှည် တစ်လက် အတိုက် အပြပြိုင်ပွဲတွေမှာ ငွေတံဆိပ်ဆု တစ်ခုစီ ရရှိခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ အားကစားနည်း အမျိုး အစား (Event) (၁၆)ခု ယှဉ်ပြိုင်ခဲ့ရာ အားကစားနည်း ၁၄ ခုမှာ ရွှေ(၂)ခု၊ ငွေ(၅)ခု၊ ကြေးတံဆိပ်(၇)ခု စုစုပေါင်း ဆုတံဆိပ် (၁၄) ခုကို ဆွတ်ခူး ရယူနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါ တယ်။
အဲဒီလို မြန်မာဂုဏ်ဆောင်နိုင်ခဲ့တဲ့ မြန်မာဗိုဗီနမ်အသင်းဟာ နိုဝင်ဘာ ၉ ရက်၊ မနက်ပိုင်းက ရန်ကုန်ကို ပြန်လည် ရောက်ရှိလာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း နဲ့ တိုင်းဒေသကြီး ဝန်ကြီးတွေ ၊ အားကစား နှင့် ကာယပညာသိပ္ပံ (ရန်ကုန်)က သင်တန်းသား/သင်တန်းသူတွေကို ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

image