မြန်မာဗိုဗီနမ်အသင်း ရွှေတံဆိပ်နှစ်ခု အပါအဝင် ဆုတံဆိပ် (၁၄) ခု ဆွတ်ခူးခဲ့

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ ပြုလုပ်ခဲ့သည့် ရှစ်ကြိမ်မြောက် (WVVF World Vovinam Championship 2025 ) ပြိုင်ပွဲ၌ မြန်မာဗိုဗီနမ်အသင်းက ရွှေတံဆိပ်နှစ်ခု အပါအဝင် ဆုတံဆိပ် (၁၄) ခု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲကို နိုဝင်ဘာ ၁ ရက်မှ ၈ ရက်ထိ ကျင်းပခဲ့ပြီး မြန်မာဗိုဗီနမ်အသင်း ရွှေတံဆိပ်နှစ်ခုအပါအဝင် ဆုတံဆိပ် (၁၄) ခု ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
မြန်မာ ဗိုဗီနမ်အသင်းအနေဖြင့် အမျိုးသမီး (၄၈-၅၁) ကီလိုတန်း အတိုက်ပြိုင်ပွဲ၌ ရွှေတံဆိပ်တစ်ခု၊ အမျိုးသမီး ဓားမြှောင်နှစ်လက် အပြပြိုင်ပွဲနှင့် အမျိုးသမီး ဓားတစ်လက်အပြ ပြိုင်ပွဲ၌ ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခုရရှိခဲ့သည်။
ထို့အပြင် အမျိုးသားလက်သိုင်းအပြပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲ ဓားမြှောင်အတိုက် အပြပြိုင်ပွဲ၊ အမျိုးသား တုတ်ရှည်အပြပြိုင်ပွဲ၊ အမျိုးသားနှစ်ယောက်တွဲ ဓားရှည်နှစ်လက်အတိုက်ပြ ပြိုင်ပွဲ နှင့် ဓားရှည်တစ်လက် အတိုက် အပြပြိုင်ပွဲများ၌ ငွေတံဆိပ်ဆု တစ်ခုစီရရှိခဲ့သည်ဟုလည်း သိရသည်။
မြန်မာအသင်းအနေဖြင့် အားကစားနည်းအမျိုးအစား (Event) (၁၆) ခု ယှဉ်ပြိုင်ခဲ့ရပြီး အားကစားနည်း ၁၄ ခု၌ ရွှေ (၂) ခု၊ ငွေ (၅) ခု၊ ကြေးတံဆိပ် (၇) ခု စုစုပေါင်း ဆုတံဆိပ် (၁၄) ခုကို ဆွတ်ခူးရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ- လူမှုကွန်ယက်

image