ဆိုးလ်ဓာတ်အားပေးစက်ရုံ ပြိုကျမှုမှ တတိယမြောက်အလေ-ာင်းကိုဆွဲထုတ်နိုင်

တောင်ကိုရီးယားနိုင်ငံတွင် ဓာတ်အားပေးစက်ရုံတစ်ခုရှိ အဆောက်အအုံကြီးတစ်ခု ပြိုကျခဲ့ပြီးနောက် ကယ်ဆယ်ရေးသမားများသည် အဆောက်အအုံအပျ-က်အစီးများအောက်မှ တတိယမြောက် ရုပ်အလေ-ာင်းကို ဆွဲထုတ်နိုင်ခဲ့ကြောင်း မီဒီယာသတင်းများက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

အသုံးမပြုတော့သော အပူပေးစက်ရုံကို ဖြိုဖျက်ရန် ပြင်ဆင်နေသော အလုပ်သမားများသည် ကြာသပတေးနေ့တွင် အဆောက်အအုံ၏ အစိတ်အပိုင်းများကို ဖြိုချနေစဉ် ပြိုကျသွား‌သော အဆောက်အအုံအောက်၌ ပိတ်မိနေခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်များသည် အဆောက်အအုံပျ-က်အောက် ပိတ်မိနေဆဲဖြစ်သော အလုပ်သမား လေးဦးအနက် နှစ်ဦး၏ တည်နေရာကို မဖော်ထုတ်နိုင်သေးဟု ဆိုသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်ဌာန တာဝန်ရှိသူများကို မှတ်ချက်ပေးရန် တောင်းဆိုခဲ့သော်လည်း လတ်တလောတွင် ဖြေကြားပေးခြင်း မရှိသေးပေ။

တောင်ကိုရီးယား၏ အရှေ့တောင်ပိုင်းကမ်းရိုးတန်းရှိ အူလ်ဆန်မြို့ အခင်းဖြစ်ပွားရာစက်ရုံကို ရို-က်ကူးထားသော ဗီဒီယိုဖိုင်တွင် အဆောက်အအုံသည် ပျ-က်စီးပြိုလဲနေပြီး အနီးအနားတွင် အလားတူအဆောက်အအုံများလည်း ရှိနေသည်ကို တွေ့ရသည်။
ကယ်ဆယ်ရေးသမားများသည် ကယ်ဆယ်ရေးလုပ်ငန်းကို အထောက်အကူဖြစ်ရန်နှင့် ပိတ်မိနေဆဲဖြစ်သော အခြားအလုပ်သမားများကို ရှာဖွေရန်အတွက် အပူကို အာရုံခံသောကိရိယာများ၊ အဝေးကြည့်မှန်ပြောင်းများနှင့် အနံ့ခံရှာဖွေရေးခွေးများကိုပါ ဖြန့်ကျက်ချထားသော်လည်း အဆောက်အအုံသည် ထပ်မံပြိုကျလာနိုင်သည့် အန္တရာယ်ကြောင့် ၎င်းတို့လုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေခဲ့သည်။

image