1 ပတ် - ဘာသာပြန်ပါ။

ရှစ်လအတွင်း ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် (၂၇,၀၀၀) ကျော် လာရောက်

မန္တလေးတိုင်း ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ မတ်လမှ အောက်တိုဘာလအထိ ရှစ်လအတွင်း ပြည်တွင်းပြည်ပခရီးသွားဧည့်သည် (၂၇,၅၄၆) ဦး ဝင်ရောက်လေ့လာခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါခရီးသွားဧည့်သည်များထံမှ ပြတိုက်ဝင်ကြေးကောက်ခံရရှိမှုအနေဖြင့် ကျပ် ( ၂၉,၃၁၉,၀၀၀) ကောက်ခံရရှိခဲ့ကြောင်းလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက (ပုဂံဌာနခွဲ) မှ သိရသည်။
ရှေးဟောင်းကျောက်စာများနှင့် ရှေးဟောင်းပစ္စည်းများကို ပြသရန် အာနန္ဒဘုရားမြောက်ဘက်တွင် ပြတိုက်တည်ဆောက်ပြီး ၁၉၀၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။
နှစ်ပေါင်း (၆၀) ကျော်တွင် ရှေးဟောင်းပစ္စည်းများ စုဆောင်းရရှိမှုများ များပြားလာခြင်းကြောင့် (၁၆) ဧက ကျယ်ဝန်းသည့် ပြတိုက်သစ်ကို ပုဂံမြို့ဟောင်းအတွင်း ကန်တော့ပလ္လင်ဘုရားတောင်ဘက်၌ ခေတ်မှီ ပြတိုက်သစ်တစ်ခုကို ဆောက်လုပ်ပြီး ၁၉၇၉ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။
နှစ်ထပ်အဆောက်အုံဖြစ်ပြီး မြန်မာမှုလက်ရာများအပြင် ကျောက်စာရှစ်မြောက်သဏ္ဍာန်ပြတိုက်နှင့်ကျောက်ဆစ်လက်ရာများနှင့် အခြားကြီးမားသည့် ပစ္စည်းများပြသရန် ကျောက်စာရုံသုံးခုပါဝင်ကြောင်း သိရသည်။
ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို တနင်္လာနေ့နှင့် အများပြည်သူရုံးပိတ်ရက်များအပ နေ့စဉ်ဖွင့်လှစ်နေကြောင်းလည်း အသိပေးထားသည်။

image