ကမ္ဘာစစ်နှစ်ခုအတွင်းနှင့်နောက်ပိုင်း ပဋိပက္ခများတွင် အသက်ပေးအမှုထမ်းခဲ့ကြသူများအား အောက်မေ့သတိရခြင်း အခမ်းအနား ရန်ကုန်ထောက်ကြန့်စစ်င်္သချိုင်းတွင် ပြုလုပ်
ကမ္ဘာစစ်နှစ်ခုအတွင်းနှင့်နောက်ပိုင်း ပဋိပက္ခများတွင် အသက်ပေးအမှုထမ်းခဲ့ကြသူများအား အောက်မေ့သတိရခြင်း အခမ်းအနားကို ဗြိတိသျှသံရုံး၊ ရန်ကုန်၏ သံရုံးအကြီးအကဲ Andrew Jackson က ဦးဆောင်ပြီး ရန်ကုန်မြိုရှိ ထောက်ကြန့်စစ်သင်္ချိုင်းတွင် ယမန်နေ့ (နိုဝင်ဘာ၉) ရက်နေ့က ပြလုပ်ခဲ့ကြောင်း သိရသည်။
‘’ကမ္ဘာစစ်နှစ်ခုအတွင်းနှင့် ထိုနောက်ပိုင်းဖြစ်ပွားသည့် ပဋိပက္ခများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော၊ စွန့်လွှတ်အနစ်နာခံခဲ့ကြသော၊ အသက်ပေးအမှုထမ်းခဲ့ကြသောသူများအား ဒီနေရာမှာ အခုလို အောက်မေ့သတိရခြင်း အထိမ်းအမှတ်ပြုလုပ်ရခြင်းအပေါ် လေးစားဂုဏ်ယူမိပါတယ်” ဟု ဗြိတိသျှသံရုံး၊ ရန်ကုန်၏ သံရုံးအကြီးအကဲ Andrew Jackson က ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသရှိ စစ်ပွဲအဆုံးသတ်ခြင်း၏ နှစ်(၈၀) ပြည့်ကို အထူးအလေးထား ကရုဏာသက်ဖွယ်မှတ်သားရမည်ဖြစ်ကြောင်းလည်း Andrew Jackson က ပြောသည်။
မြန်မာနိုင်ငံတွင် ရပ်တည်နေစဉ် အချိန်အတော်ကြာကာလအတွင်းနှင့် ယခုအချိန်အထိ ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မြန်မာပြည်သူများအပေါ် သက်ရောက်သည့် ဆိုးကျိုးများကို ပြန်လည်အောက်မေ့သတိရရန်လည်း အရေးကြီးကြောင်း သံရုံးအကြီးအကဲ Andrew Jackson က ပြောကြားခဲ့ကြောင်း သိရသည်။